ကိုကိုးကျွန်းမြို့နယ်တွင် မီးဘေးအန္တရာယ်ပုံမှန်ကွင်းဆင်းစစ်ဆေးနေမှု

ကိုကိုးကျွန်း စက်တင်ဘာ ၉

ရန်ကုန်တိုင်းဒေသကြီး သန်လျင်ခရိုင် ကိုကိုးကျွန်းမြို့နယ်၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးနှင့် ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်များ ပျက်ဆီးဆုံးရှုံးမှုမှ ကြိုတင်ကာကွယ်နိုင်ရန်အတွက် မြို့နယ်မီးသတ်ဌာနမှ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော်ခြင်းနှင့် လိုက်လံစစ်ဆေးခြင်းများကို မြို့နယ်ဒုဦးစီးမှူး ဦးအောင်နေလင်း၊ လက်ထောက်မီးသတ်ဦးစီးမှူး ဦးမြဝင်းနှင့် တပ်ဖွဲ့ဝင်များက ယမန်နေ့ နံနက် (၈) နာရီအချိန်တွင် တစ်အိမ်တက်ဆင်း လိုက်လံစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး လိုက်လံနှိုးဆော်စစ်ဆေးရာတွင် မီးကိုပေါ့ဆစွာ အသုံးပြုသူတစ်ဦး တစ်‌ယောက်၏ ပေါ့ဆမှုကြောင့် မီးဘေးအန္တရာယ်ဆိုးနှင့် မကြုံတွေ့ရလေအောင် မီးသတ်တပ်ဖွဲ့ဉပဒေ (၁/၉၇)အရ ထုတ်ပြန်ထားသော မီးဘေးသတိပြုနှိုးဆော်ချက်များအား လိုက်နာဆောင်ရွက်ကြရန်၊ မီးဘေးအန္တရာယ်ဖြစ်ပေါ်လာပါက မီးသတ်ဆေးဘူးကိုင်တွယ်အသုံးပြုပုံများကို လက်တွေ့ပြသပေးခြင်း၊ရုံးဌာန အဆောက်အဦးများနှင့် အိမ်တိုင်းတွင် မီးချိတ်၊ မီးကပ်၊ ရေပုံး၊ သဲပုံးများ ပြုလုပ်ထားရှိရန် အိမ်တိုင်းအိမ်တိုင်းတွင် ရေအိုး၊ ရေကန်၊ ရေပေပါများအား ရေအပြည့်ဖြည့်ထားရန်၊ မီးဖိုနှင့် ထရံကြားတွင် မီးမလောင်နိုင်သော သွပ်ပြား၊ သံပြားဖြင့် ကာရံထားရန် မီးဖိုနှင့် အမိုးအား အနည်းဆုံး ၅ပေ အကွာတွင် ထားရှိရန်၊ ဟောင်းနွမ်းနေသော လျှပ်စစ်ဝိုင်ယာကြိုးများအား အသုံးမပြုကြရန်၊ မီးသုံးစွဲမှုအား နံနက်(၄)နာရီမှ (၁၀)နာရီထိ တစ်ကြိမ်၊ ညနေ(၄)နာရီမှ ည(၈)နာရီထိ ချက်ပြုတ်သုံးစွဲရန် စသည့်အချက်များအား မီးသတ်ဦးစီးဌာနမှ လိုက်လံနှိုးဆော်ခဲ့ပြီး တစ်အိမ်တက်ဆင်းမီးဘေးအန္တရာယ်မဖြစ်စေရန် ကြိုတင်ကာကွယ်ခြင်းများအား အသိပညာပေးဆောင်ရွက်ခဲ့ကြောင်းနှင့် ထိုသို့မီးဘေးအန္တရာယ်အသိပ ညာပေးဆောင်ရွက်ခြင်းကို မြို့နယ်မီးသတ်တပ်ဖွဲ့မှ အပတ်စဉ်ပုံမှန်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်မီးသတ်ဦးစီးဌာနမှ သိရသည်။

ထွန်းထွန်းဇော် (ပြန်/ဆက်)