ဒလမြို့နယ် လူထုအခြေပြုဗဟိုဌာန Community centre ခန်းမ၌ လူငယ်စာဖတ်ဝိုင်းဆွေးနွေးပွဲပြုလုပ်

ဒလ စက်တင်ဘာ

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဒလမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန Community centre ခန်းမ၌ စာရေးဆရာ ကောင်းစံသာ (ရေကြည်) ရေးသားသည့် လူငယ်လမ်းညွှန် စာအုပ်ဖြင့် လူငယ်စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယမန်နေ့ နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။

ဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်သီတာ၀င်းက စာဖတ်ဝိုင်းပြုလုပ်ရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းဆွေးနွေးခဲ့ပြီး တက်ရောက်လာသော လူငယ်တစ်ဦးမှ စာရေးဆရာ ကောင်းစံသာ(ရေကြည်)ရေးသားသည့် လူငယ်လမ်းညွှန်စာအုပ်ပါအကြောင်းအရာများမှ “လူငယ်နှင့်‌ ‌အောင်မြင်ခြင်း” ခေါင်းစဥ်ဖြင့် ဆွေးနွေးရာတွင် အောင်မြင်မှုဆီသွားရာလမ်းမှာ အမြဲ‌ဖြောင့်ဖြူးမှုမရှိ‌ကြောင်း၊ လူတိုင်းအသိပညာရှိကြတယ်ဆိုပေမဲ့ လက်တွေ့အသုံးမချမှုများကြောင့် ကျရှုံးမှုများသာရရှိကြောင်း၊ ကျရှုံးမှု၏အလွန်တွင် အောင်မြင်မှုများရှိနေကြောင်း၊ အောင်မြင်မှုရရှိနိုင်သည့် အဓိကအကြောင်းရင်းမှာ အာရုံစူးစိုက်ကြိုးစားအားထုတ်ခြင်းပင်ဖြစ်‌ကြောင်း၊ အောင်မြင်ခြင်းရရှိရန်အတွက် ဖြတ်လမ်းမရှိကြောင်းနှင့် ဖြတ်လမ်းရှိသည့် အောင်မြင်ခြင်းမှာလည်း အတုအယောင်ပင်ဖြစ်ကြောင်း ဆွေးနွေးရာတက်ရောက်လာသူများက စာအုပ်ပါအကြောင်းအရာများကို အပြန်အလှန်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ဒလမြို့နယ်ရုံးအနေဖြင့် ပြည်သူများ စာ‌ပေလေ့လာဖတ်ရှုသည့် အလေ့အကျင့်ကောင်းများရှိစေရေး၊ စာပေဖတ်ရှုမှုတိုးပွားလာစေရေး၊ စာဖတ်ဝိုင်းများ၊ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲများ၊ ပြိုင်ပွဲများ၊ နံရံကပ်စာစောင်ပြပွဲများနှင့် စာအုပ်ပြပွဲများ ပြုလုပ်ပေးလျက်ရှိသည်။

ခင်စန္ဒာမြင့် (ပြန်/ဆက်)