ကွမ်းခြံကုန်း စက်တင်ဘာ ၉
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကွမ်းခြံကုန်းမြို့နယ် စားသုံးသူရေးရာဦးစီးဌာန ကွမ်းခြံကုန်းမြို့မစျေးတွင် စားသုံးဆီအမျိုးမျိုးအား စစ်ဆေးခြင်းကို ယမန်နေ့ နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ပါသည်။
အဆိုပါကွင်းဆင်းစစ်ဆေးရာတွင် meizen ဟင်းသီးဟင်းရွက်ဆီ (အဆင့်မြှင့်စားအုန်းဆီ)၊ Duck ဘဲလေးဟင်းသီးဟင်းရွက်ဆီ၊ အဆင့်မြှင့်သန့်စင်ထားသောစားအုန်းဆီ၊ အမေထွား(သဘာဝမြေပဲဆီ)၊ ရွေအုံ(မြေပဲဆီသန့်)များအား ကွင်းဆင်းစစ်ဆေးခဲ့ပြီး မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံ ဒေါ်နွယ်နွယ်အေးက အခြေခံစားသောက်ကုန်အဖြစ် ချက်ပြုတ်စားသောက်ရာတွင် မရှိမဖြစ်သုံးစွဲရသော စားသုံးဆီများတွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာပါရှိရန်လိုအပ်ကြောင်း၊ စားသုံးသူရေးရာဦးစီးဌာနမှ ထုတ်ပြန်ထားသော ညွှန်ကြားချက်အမှတ် ၁/၂၀၂၁ပါရှိသော အချက်အလက်များနှင့် ကိုက်ညီမှသာ ရောင်းချရမည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားခဲ့ပါသည်။
အဆိုပါကွင်းဆင်းစစ်ဆေးရာတွင် ကွမ်းခြံကုန်းမြို့နယ် စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံ ဒေါ်နွယ်နွယ်အေး၊ မြို့နယ်စည်ပင်သာယာရေးရာအဖွဲ့မှ ဝန်ထမ်းများနှင့် မြို့နယ်ကျန်းမာရေးရာအဖွဲ့မှ ဝန်ထမ်းများ ပူးပေါင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ဆွေနွယ် (ပြန်/ဆက်)