ပုသိမ်ကြီး စက်တင်ဘာ ၉
မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံခရိုင်၊ ပုသိမ်ကြီးမြို့နယ်ရှိ စိုက်ပျိုးရေးနှင့် မွေးမြူရေးသိပ္ပံ (ပုသိမ်ကြီး)၏ ၂၀၂၄ - ၂၀၂၅ ပညာသင်နှစ် နောက်ဆုံးနှစ် ကျောင်းသား၊ ကျောင်းသူများ ကျောင်းဆင်းနှုတ်ဆက်ပွဲ အခမ်းအနားကို စက်တင်ဘာ ၉ ရက် နံနက် ၉ နာရီက အဆိုပါကျောင်းခန်းမ၌ ကျင်းပရာ မန္တလေးတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန တိုင်းဒေသကြီး ဒုတိယဦးစီးမှူး ဒေါ်နီလာသန်း၊ အောင်မြေသာစံခရိုင် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ ကျောင်းအုပ်ကြီးများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ဦးစွာ စိုက်ပျိုးရေးနှင့်မွေးမြူရေးသိပ္ပံ (ပုသိမ်ကြီး) ဦးခင်မောင်ထွေး၊ မန္တလေးတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန တိုင်းဒေသကြီး ဒုတိယဦးစီးမှူး ဒေါ်နီလာသန်း၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးသိပ္ပံ (လုံပီး) ကျောင်းအုပ်ကြီး ဒေါ်ဥမ္မာကျော်၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးသိပ္ပံ (ရွှေဘို) ဒုတိယကျောင်းအုပ်ကြီး ဒေါ်မြတ်မြတ်သစ်တို့က ကျောင်းဆင်းနှုတ်ဆက် အမှာစကား အသီးသီးပြောကြားပြီး၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးသိပ္ပံ (ပုသိမ်ကြီး၊ လုံပီး၊ ရွှေဘို) တို့မှ ဆရာ/ ဆရာမများကိုယ်စား ဆရာတစ်ဦးက နှုတ်ဆက်စကားပြောကြားသည်။
ထို့နောက် ပထမနှစ်၊ ဒုတိယနှစ်၊ တတိယနှစ် ကျောင်းသား၊ ကျောင်းသူများက ကျေးဇူးတင်စကား အသီးသီးပြောကြားကြပြီး၊ ကျောင်းတွင်းအားကစားပြိုင်ပွဲများ၊ အခြားထူးချွန်ဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူများအား တာဝန်ရှိသူများက ဆုများကို အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြသည်။ ဆက်လက်၍ (ပုသိမ်ကြီး၊ လုံပီး၊ ရွှေဘို) တို့မှ တတိယနှစ် ကျောင်းသား၊ ကျောင်းသူ (၂၂၈) ဦးအား ကျောင်းဆင်းနှုတ်ဆက်ပွဲ ပြုလုပ်ကာ၊ ကျောင်းသား၊ ကျောင်းသူများက ဖျော်ဖြေရေး အစီအစဥ်များဖြင့် ကပြခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)