မိုင်းယုမြို့၌ ကျောင်းကောင်စီဥက္ကဋ္ဌဖလား ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲ အခမ်းအနား ကျင်းပ

မိုင်းယု  စက်တင်ဘာ ၉

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းယောင်းခရိုင်၊ မိုင်းယုမြို့တွင် ကျောင်းကောင်စီဥက္ကဋ္ဌဖလား ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲအခမ်းအနားကို ယမန်နေ့ညနေပိုင်းက မြို့မရပ်ကွက်ရှိ အားကစားကွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ ဗိုလ်လုပွဲတွင် ကျောင်းကောင်စီအဖွဲ့(၁)မှ အနော်ရထားအသင်းနှင့် ဗန္ဓုလအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ နောက်ဆုံးပင်နယ်တီအဆုံးအဖြတ် လေးဂိုးနှစ်ဂိုးဖြင့် အနော်ရထားအသင်းက ပထမဆုနှင့် ဗန္ဓုလအသင်းက ဒုတိယဆုကိုလည်းကောင်း၊ မူလတန်းအောက်ဆင့်အဖွဲ့(၂)မှ အဝါသင်းနှင့် အနီသင်းတို့ ယှဉ်ပြိုင်ကစားကြရာ နောက်ဆုံးပင်နယ်တီအဆုံးအဖြတ် နှစ်ဂိုးသုညဖြင့် အဝါသင်းက ပထမဆုနှင့် အနီသင်းက ဒုတိယဆုတို့ကိုလည်းကောင်း အသီးသီးအနိုင်ရရှိခဲ့ကြသည်။

ယင်း ပြိုင်ပွဲဝင်ဆုရ အသင်းများအား အမှတ်(၂၂၆)ခြေမြန်တပ်ရင်းမှ ဒုတိယဗိုလ်မှူးကြီး စစ်နိုင်ဖြိုး၊ အမှတ် ၁၀၀၈ နယ်ခြားစောင့်တပ်ရင်းမှ ဌာနချုပ်တပ်ခွဲမှူး ဗိုလ်မှူး အောင်နိုင်ဋ္ဌေး၊ မြို့အုပ်ချုပ်ရေးမှူး ဦးလောထွေး၊ နယ်မြေခံစခန်းမှူး ရဲအုပ် နိုင်နိုင်ဝင်းနှင့် အခြေခံပညာအထက်တန်းကျောင်းအုပ်ဆရာမကြီး ဒေါ်လှလှမိုးတို့မှ တက်ရောက်အားပေး ကြည့်ရှုခဲ့ကြကာ ဆုများအသီးသီးပေးအပ် ချီးမြှင့်ပေးခဲ့ကြကြောင်း သိရသည်။

ကိုကိုနိုင်