လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်တွင် ယာယီနေရပ်စွန့်ခွာပြည်သူများအား တစ်ပတ်စာ ဆန်၊ ဆီ၊ ဆား၊ ပဲ၊ စားသုံးကုန်များ ပေးအပ်

လှိုင်သာယာ(အနောက်ပိုင်း) စက်တင်ဘာ ၉

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ လှိုင်သာယာ (အနောက်ပိုင်း)မြို့နယ်အတွင်းသို့ ပြောင်းရွှေ့ရောက်ရှိလာသည့် ရခိုင်ပြည်နယ်မှ ယာယီနေရပ်စွန့်ခွာပြည်သူများအား တစ်ပတ်စာ ဆန်၊ ဆီ၊ ဆား၊ ပဲ၊ စားသုံးကုန်ပစ္စည်းများ ပေးအပ်ပွဲအခမ်းအနားကို ဩဂုတ် ၇ ရက် နံနက်ပိုင်းက လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်အတွင်းရှိ ရပ်ကွက် ၉၊ ၁၀၊ ၁၁၊ ၁၂၊ ၁၃၊ ၁၄၊ ၁၆၊ ၁၇၊ ၁၈၊ ၁၉၊ ၂၀ ရပ်ကွက်များနှင့် အလယ်ရွာ၊ အပြင်ပဒံကျေးရွာ၊ အတွင်းပဒံကျေးရွာများသို့ ကွင်းဆင်းပေးအပ်ခဲ့ကြသည်။

အဆိုပါ စားသုံးကုန်ပစ္စည်းများ ကွင်းဆင်းပေးအပ်ခြင်းသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးထွန်းထွန်းလင်းနှင့် မြို့နယ်စီမံခန့်ခွဲ​ရေးနှင့် အုပ်ချုပ်ကော်မတီအဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ရပ် /ကျေးအုပ်ချုပ်ရေးမှူးများ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များ၊ ပြောင်းရွှေ့ရောက်ရှိလာသည့် နေရပ်စွန့်ခွာပြည်သူများ တက်ရောက်ကြသည်။

ဦးစွာ မြို့နယ်စီမံခန့်ခွဲ​ရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးထွန်းထွန်းလင်းက နေရပ်စွန့်ခွာပြည်သူများအား အမှာစကားနှင့်အတူ အားပေးစကားပြောကြားပြီး လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်သို့ ပြောင်းရွှေ့ရောက်ရှိလာသည့် ၎င်းရပ်ကွက်အသီးသီးမှ နေရပ်စွန့်ခွာပြည်သူများအား တစ်ပတ်စာ ဆန်၊ ဆီ၊ ဆား၊ ပဲ၊ စားသုံးကုန်များကို ထောက်ပံ့ပေးခဲ့ကြကြောင်း သတင်းရရှိသည်။

မြို့နယ် (ပြန်/ဆက်)