လားရှိုး စက်တင်ဘာ ၉
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ လားရှိုးတွင် စက်တင်ဘာလ (၈) ရက်နေ့ ယနေ့တွင် ကျရောက်သည့် ၂၀၂၅ ခုနှစ်၊ ပြည်နယ်အဆင့် နိုင်ငံတကာစာတတ်မြောက်ရေးနေ့ အထိမ်းအမှတ် အခမ်းအနားကို ယနေ့နံနက် (၉) နာရီက အမှတ် (၆) အခြေခံပညာအထက်တန်းကျောင်းရှိ ကမ္ဘာဇခန်းမတွင် ကျင်းပသည်။
အခမ်းအနားတွင် အမှတ် (၆) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက “ဝ ထ က လ သ” တေးသီချင်းဖြင့် ဂုဏ်ပြုသီဆိုဖွင့်လှစ်ခဲ့ပြီး ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ (ရှမ်းမြောက်) ဥက္ကဋ္ဌ ဦးမြင့်သန်းဝင်းက ၂၀၂၅ ခုနှစ် နိုင်ငံတကာစာတတ်မြောက်ရေးနေ့ အခမ်းအနား ကျင်းပပြုလုပ်ခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
ထို့နောက် ပြည်နယ်ပညာရေးမှူးရုံး (ရုံးခွဲ)မှ ညွှန်ကြားရေးမှူး ဦးတင့်ဆွေက ၂၀၂၅ ခုနှစ်၊ နိုင်ငံတကာစာတတ်မြောက်ရေးနေ့ Concept Note မြန်မာဘာသာပြန်ဆိုမှုအနှစ်ချုပ်အား ဖတ်ကြားခဲ့သည်။
ဆက်လက်၍ စာတတ်မြောက်ရေးလုပ်ငန်းများဆောင်ရွက်မှု (Video Clip) အားပြသပြီး အခမ်းအနားတွင် သီဆိုဂုဏ်ပြုဖျော်ဖြေခဲ့ကြသည့် အမှတ်(၆) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများအား ပြည်နယ်အစိုးရ အုပ်ချုပ်ရေးအဖွဲ့ခွဲ (ရှမ်းမြောက်)၊ ဥက္ကဋ္ဌ ကလည်းကောင်း၊ ပံ့ပိုးတီးခတ်ပေးခဲ့သည့် ကျောင်းသား၊ ကျောင်းသူများအား ပြည်နယ်ပညာရေးမှူးရုံး(ရုံးခွဲ)မှ ညွှန်ကြားရေးမှူးကလည်းကောင်း ဂုဏ်ပြုချီးမြှင့်ငွေများ အသီးသီးပေးအပ် ချီးမြှင့်ခဲ့သည်။
ထို့နောက် အမှတ် (၆) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက “စာတတ်ချိန်တန်ပြီ” တေးသီချင်းအား ဂုဏ်ပြုသီဆိုဖျော်ဖြေခဲ့ကြကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)