မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ကျောက်ဆည်မြို့ ဆည်တော်နံ ရွှေမုဋ္ဌောစေတီတော် ပြုပြင်မွမ်းမံထိန်းသိမ်းခြင်းလုပ်ငန်းများ ကြည့်ရှု

ကျောက်ဆည် စက်တင်ဘာ  ၉

မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးမျိုးအောင်နှင့် တာဝန်ရှိသူများသည် စက်တင်ဘာ ၈ ရက်က  ကျောက်ဆည်မြို့ ဆည်တော်နံရွှေမုဋ္ဌောစေတီတော် ပြန်လည်တည်ဆောက် ပြုပြင်မွမ်းမံထိန်းသိမ်းခြင်း လုပ်ငန်းများအား ကြည့်ရှုခဲ့သည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ဆည်တော်နံရွှေမုဋ္ဌောဘုရားစေတီတော် ပရိဝုဏ်ရှိ မန္တလေး မြေငလျင်ကြီးကြောင့် ထိခိုက်ပြိုကျပျက်စီးခဲ့သည့် ဘုရား၊ စေတီ၊ ပုထိုးများ၊ သာသနိက အဆောက်အအုံများ ပြန်လည်တည်ဆောက်ခြင်းနှင့် ပြုပြင်မွမ်းမံထိန်းသိမ်းခြင်းလုပ်ငန်းဆောင်ရွက်မှု၊ ရွှေသာလျောင်းတောင်ပေါ်ရှိ ကျောက်သေတ္တာစေတီ၏ အောက်ခြေကျောက်တုံးကြီး တိမ်းစောင်းမှုကို  ဘေးပတ်ဝန်းကျင်အန္တရာယ်မဖြစ်ပေါ်စေရေး၊  ပညာရှင်များပူးပေါင်း၍ လုပ်ငန်းစဉ်အဆင့်ဆင့် ဆောင်ရွက်နေမှုအခြေအနေများကို ရှင်းလင်းတင်ပြကြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က ကဏ္ဍများအလိုက်လုပ်ငန်းများ အမြန်ဆုံးပြီးမြောက်အောင် အကောင်အထည်ဖော်ဆောင်ရွက်သွားရေးနှင့်လုပ်ငန်းကြန့်ကြာမှုမရှိစေရန် သက်ဆိုင်ရာဌာနများ နှင့် ချိတ်ဆက်ပူးပေါင်းဆောင်ရွက်သွားရေး တို့ကိုမှာကြားခဲ့ကြောင်းသိရသည်။

သက်မောင်(ကျောက်ဆည်)