မိုင်းတုံ စက်တင်ဘာ ၉
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းတုံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် ကလေးသူငယ်များ ဉာဏ်ရည်၊ ဉာဏ်သွေးထက်မြက်စေရန်ရည်ရွယ်၍ ယနေ့ ညနေပိုင်းက မိုင်းတုံမြို့ လူထုအခြေပြုဗဟိုဌာန(CC)ခန်းမ၌ သင်္ချာစွမ်းရည်ပြိုင်ပွဲ ကျင်းပပြုလုပ်ပေးခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဝင်းဝင်းခိုင်က ကလေးများကို ပြိုင်ပွဲနှင့်ပတ်သက်သည့် စည်းမျဉ်း စည်းကမ်းများကို ဟောပြောပေးခဲ့ပြီး ပြိုင်ပွဲများကို ကျင်းပပေးခဲ့သည်။
ထို့နောက် ဆုရရှိသည့် ကလေးငယ်များနှင့် ပါဝင်ယှဥ်ပြိုင်ကြသော ကလေးငယ်များကို ဆုကြေးငွေနှင့် အာဟာရဖြည့်မုန့်များ ပေးဝေခဲ့ကြောင်း သိရသည်။
မျိုးကျော်စိုး (ပြန်/ဆက်)