ကွမ်းခြံကုန်း စက်တင်ဘာ ၉
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကွမ်းခြံကုန်းမြို့နယ် တိုင်းရင်းဆေးကုဌာနမှ တိုင်းရင်းဆေးပညာဖြင့် ယနေ့နံနက်ပိုင်းက၊ ဆိပ်ကြီးကျေးရွာတွင်ကွင်းဆင်း ၍ တိုင်းရင်းဆေးများဖြင့် ဆေးကုသပေးခဲ့ကြောင်းသိရသည်။
အဆိုပါ ကွင်းဆင်းဆေးကုသမှုကိုကွမ်းခြံကုန်းမြို့နယ် မြို့နယ်တိုင်းရင်းဆေးကုဌာန လက်ထောက်တိုင်းရင်းဆေးမှူးဒေါ်အေးသန္တာစိုးက တိုင်းရင်းဆေးအကြောင်းအရာများမှ အိမ်တွင်းကုထုံးအကြောင်းသိကောင်းစရာအကြောင်းဟောပြောခဲ့ကြောင်း သိရသည်။
ဆက်လက်၍ ကွမ်းခြံကုန်းမြို့နယ် မြို့နယ်တိုင်းရင်းဆေးကုဌာန လက်ထောက်တိုင်းရင်းဆေးမှူးဒေါ်အေးသန္တာစိုးက တိုင်းရင်းဆေးဖြင့် နှလုံး၊ သွေးတိုး၊ ဆီးချို၊ ကျီးပေါင်း၊ လေငန်းရောဂါ၊ ထုံနာကျဥ်နာရောဂါ စသည့်လူနာ(၂၅)ဦးတို့အား တိုင်းရင်းဆေးဖြင့်ကုသပေးခဲ့ကြောင်း သိရသည်။
ဆွေနွယ်(ပြန်/ဆက်)