ကွမ်းခြံကုန်း စက်တင်ဘာ ၉
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကွမ်းခြံကုန်းမြို့နယ် ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ်စာစီစာကုံးပြိုင်ပွဲကို ယမန်နေ့နံနက်ပိုင်းက အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း သီရိရတနာခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ၂၀၂၅ ခုနှစ် ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ်စာစီစာကုံးပြိုင်ပွဲအား ကွမ်းခြံကုန်းမြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူ (၁၆)ဦးနှင့် အခြေခံပညာအလယ်တန်း ကျောင်းရှိ ကျောင်းသား၊ ကျောင်းသူ(၁၂)ဦး၊ စုစုပေါင်း(၂၈)ဦး ပါဝင်ယှဥ်ပြိုင်ကြသည်။
အဆိုပါ ပြိုင်ပွဲကျင်းပနေမှုအား မြို့နယ်ပညာရေးမှူးဒေါ်အေးသန္တာစိုးနှင့် တာဝန်ရှိသူများက လှည့်လည်ကြည့်ရှုအားပေးကာ တာဝန်ကျဆရာ၊ ဆရာမများက ကြီးကြပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဆွေနွယ်(ပြန်/ဆက်)