ရန်ကုန် စက်တင်ဘာ ၉
ရန်ကုန်ဒေသကြီး၊ ကမာရွတ်ခရိုင်၊ ကမာရွတ်မြို့နယ်၌ ဒေသခံမဲဆန္ဒရှင်ပြည်သူများပူးပေါင်းပါဝင်မှုဖြင့် မြန်မာ့အီလက်ထရေနစ်မဲပေးစက်ဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက အမှတ်(၇)ရပ်ကွက်၊ အမှတ်(၁၄)အခြေခံပညာမူလတန်းကျောင်း၌ ကျင်းပခဲ့သည်။
အခမ်းအနားတွင် ကမာရွတ်မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကောင်းမြင့်သူက အမှာစကားပြောကြားပြီး မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ ဦးစီးအရာရှိဒေါ်ခိုင်သဇင်ဖြူက မြန်မာ့အီလက်ထရောနစ်မဲပေးစက်ဆိုင်ရာ သိမှတ်ဖွယ်ရာအကြောင်းများနှင့် အသုံးပြုပုံ/အသုံးပြုနည်းအကြောင်းကို ရှင်းလင်းဆွေးနွေးပြောကြားရာ တက်ရောက်လာသောမဲဆန္ဒရှင်ပြည်သူများက သိလိုသည်များအားပြန်လည်မေးမြန်းဆွေးနွေးကြပြီး မြန်မာ့အီလက်ရောနစ်မဲပေးစက်ဖြင့် တစ်ဦးချင်းလက်တွေ့စမ်းသပ်မဲပေးခဲ့ကြသည်။
အဆိုပါအခမ်းအနားသို့ ကမာရွတ်မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဝင်များ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲနှင့် ဌာနဆိုင်ရာများမှတာဝန်ရှိသူများ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်တီအဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများနှင့်ဝန်ထမ်းများ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ အမှတ်(၇)ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ဒေသခံမဲဆန္ဒရှင်ပြည်သူများတက်ရောက်ကြကြောင်းသိရသည်။
စိမ်းလဲ့(ပြန်/ဆက်)