ထန်းတပင်မြို့နယ်တွင် ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာပြည်သူများအား စားသောက်ကုန်ပစ္စည်းများ(တစ်ပတ်စာ)ပေးအပ်

ထန်းတပင်(ရန်ကုန်) စက်တင်ဘာ ၉

ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်အတွင်းသို့ အကြမ်းဖက်မှုဖြစ်စဉ်များကြောင့် ရခိုင်ပြည်နယ်မှနေရပ်စွန့်ခွာနေရသည့် ပြည်သူများအားစားသောက်ကုန်ပစ္စည်းများ(တစ်ပတ်စာ)ပေးအပ်ခြင်းကို စက်တင်ဘာလ ၇ ရက်နေ့က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

ပေးအပ်ရာတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးနိုင်နိုင်ဦးက နေရပ်စွန့်ခွာနေရသည့်ပြည်သူများအား စားသောက်ကုန်ပစ္စည်းလေးမျိုးပေး အပ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီး မြို့နယ်စီမံခန်ခွဲ့နှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ထန်းတပင်မြို့နယ်အတွင်းသို့ ရခိုင် ပြည်နယ်မှ အကြမ်းဖက်မှုဖြစ်စဉ်များကြောင့် နေရပ်စွန့်ခွာနေရသည် အိမ်ထောင်စု(၁၉၉)စု၊ လူဦးရေ(၆၃၃)ဦးတို့အား တစ်ဦးလျှင် ဆန်၊ ဆီ၊ ဆား၊ ပဲ (စား သောက်ကုန်ပစ္စည်း)လေးမျိုးကို နေရပ်စွန့်ခွာပြည်သူများလက်ဝယ်အရောက်ပေးအပ်ခဲ့ကြောင်း သိရသည်။

ဇင်မင်းထိုက်(ပြန်ဆက်)