မြန်အောင်ခရိုင် အမျိူးသမီးရေးရာအဖွဲ့မှ ဆက်သွယ်ရေးလိမ်လည်မှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးဟောပြောခြင်းနှင့် ဗီဒီယိုကလစ်ပြသခြင်းဆောင်ရွက်

မြန်အောင် စက်တင်ဘာ ၉

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့၊ အ.ထ.က(၁)မြန်အောင်ခန်းမ၌ ဆက်သွယ်ရေးလိမ်လည်မှု တိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးဟောပြောခြင်းနှင့် ဗီဒီယိုကလစ် ပြသခြင်းကို ယနေ့နံနက်(၁၀)နာရီက ကျင်းပပြုလုပ်ရာ မြန်အောင်ခရိုင်အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဋ္ဌ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့၀င်များ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။

အသိပညာပေးဟောပြောပွဲတွင် မြန်အောင်ခရိုင်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်နေခြည်ဝင်းက ပြည်သူများ အင်တာနက်အွန်လိုင်းအသုံးပြု၍ လောင်းကစားမှု၊ လိမ်လည်မှုနှင့် ဆိုက်ဘာ လုံခြုံရေးဆိုင်ရာများ သတိပြုဆင်ခြင်နိုင်ရန် Facebook ၊ Viber ၊ Telegram စသည်တို့ကိုအသုံးပြု၍ အွန်လိုင်းငွေကြေးလိမ်လည်မှုလုပ်ငန်းများ၊ လိမ်လည်စည်းရုံး ခေါ်ဆောင်သည့် နည်းလမ်းများအကြောင်းတို့အား အသိပညာပေးဟောပြောခဲ့ပြီး  လန်ချန်း-မဲခေါင် တရားဥပဒေစိုးမိုးရေးနှင့်လုံခြုံရေးပူးပေါင်းဆောင်ရွက်မှု ဗဟိုဌာနမှ ပေးပို့ထားသည့် ဆက်သွယ်ရေးလိမ်လည်မှု တိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေး Video Clip (၂) ခုအား projector ဖြင့် ကျောင်းသား၊‌ ကျောင်းသူများအား ပြသခဲ့ကြောင်း သိရသည်။ 

ဝင်းဗိုလ်(ပြန်/ဆက်)