မြစ်ကြီးနား စက်တင်ဘာ ၉
နည်းပညာတက္ကသိုလ် (မြစ်ကြီးနား)ရှိ တက္ကသိုလ်စာကြည့်တိုက်အတွက် စာအုပ်စာစောင်များ လှူဒါန်းပွဲနှင့် ကျောင်းသားလူငယ်များ ကျောင်းစာအပြင် စာပေဗဟုသုတပြည့်ဝစေရေးအတွက် စာပေဟောပြောပွဲကို ယမန်နေ့(၁၀)နာရီက တက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ အခမ်းအနားသို့ ပြည်နယ်အစိုးရအဖွဲ့ဝင် သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင် တက်ရောက်ပြီး ပြည်နယ်ဝန်ကြီးက ယနေ့စာကြည့်တိုက်မှူးနှင့် ဌာနမှူးများ၏ တင်ပြချက်အရ ကျောင်းသား/ကျောင်းသူများ ဆန္ဒပြုတောင်းဆိုချက်အရ သုတ၊ ရသစာအုပ်များ၊ သင်ထောက်ကူ Reference စာအုပ်များနှင့် စာအုပ်စင်များကို ဖြည့်ဆည်းပေးနိုင်ရေး ငွေကျပ်သိန်း (၁၀၀) လှူဒါန်းသွားမည်ဟု ကတိပြုခဲ့ပါကြောင်း၊ ထိုသို့ လှူဒါန်းပေးခြင်းသည် လူငယ်များ၏ လောကပြတင်းပေါက် ကို ကူပြီး ဖွင့်ပေးခြင်းပင်ဖြစ်ပါကြောင်း၊ ထို့အပြင် ယနေ့ အွန်လိုင်းမီဒီယာများတွင် စာပေဖတ်ရှုနိုင် မည်ဖြစ်သော်လည်း အဆိပ်အတောက်သတင်းအချက်များ လွှမ်းမိုးနေသောကြောင့် မိမိတို့ဘဝကို အကျိုးရှိစေမည့် စာပေများကိုသာ ရွေးချယ်ဖတ်ရှုလေ့လာရန်လိုအပ်ပါကြောင်း တိုက်တွန်းမှာကြားသည်။
ထို့နောက် နည်းပညာတက္ကသိုလ်ဒုတိယပါမောက္ခချူပ် ဒေါက်တာမင်းမင်းဦးက စာကြည့် တိုက်အတွက် ငွေကျပ်သိန်း (၁၀၀)တန်ဖိုးရှိ သုတ/ ရသစာအုပ်စာစောင်များကို လှူဒါန်းပေးအပ်ခဲ့သည့်အတွက် ကျေးဇူးတင်စကားပြန်လည်ပြောကြားပြီး ပြည်နယ်ဝန်ကြီးက စာကြည့်တိုက်အ တွက် ကျပ်သိန်း ၁၀၀ တန်ဖိုးရှိ သုတ/ရသ စာအုပ်စာဆောင်များ ပေးအပ်လှူဒါန်းရာ ဒုတိယ ပါမောက္ခချုပ်က ကျေးဇူးတင်ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့သည်။
ယင်းနောက် စာပေဟောပြောပွဲအခမ်းအနားကို ဆက်လက်ကျင်းပပြုလုပ်ခဲ့ရာ စာရေးဆရာ အကြီးကိုကို(ကသာ)က “See You At The Top” ခေါင်းစဉ်ဖြင့် အသိပညာပေးဟောပြောမှုကို ဆရာ၊ ဆရာမများ၊ ကျောင်းသား/ ကျောင်းသူများနှင့်အတူ အားပေးခဲ့ကြပြီး ပြည်နယ်ဝန်ကြီးက စာရေးဆရာအတွက် ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုချီးမြှင့်ငွေများကို ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
ပြည်နယ်(ပြန်/ဆက်)