ဗိုလ်တထောင်မြို့နယ်တွင် မဲဆန္ဒရှင်ပြည်သူများအား (MEVM)မဲပေးစက်ဆိုင်ရာအသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်း ကွင်းဆင်းဆောင်ရွက်

ဗိုလ်တထောင် စက်တင်ဘာ

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ဗိုလ်တထောင်မြို့နယ်တွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲနှင့်ပတ်သက်ပြီး မဲဆန္ဒရှင်ပြည်သူများအနေဖြင့် သိသင့်သိထိုက်သောအချက်အလက်များနှင့် ရွေးကောက်ပွဲတွင်အသုံးပြုမည့် မြန်မာအီလက်ထရောနစ်မဲပေးစက်ကို လက်တွေ့အသုံးပြုနိုင်ရန်အ တွက် မဲပေးစက်ဆိုင်ရာအသိပညာပေးဆွေးနွေးခြင်း၊ လက်တွေ့စမ်းသပ်မဲပေးလေ့လာခြင်းကို မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲနှင့် တာဝန်ကျဌာနဆိုင်ရာများပူးပေါင်း၍ ယမန်နေ့နံနက် ၁၀ နာရီမှ ညနေ ၄နာရီအထိ အမှတ်(၅)ရပ်ကွက် လမ်း (၅၀)ဓမ္မာရုံတွင် ဆောင်ရွက်ကြသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစိုးလှိုင်မောင်က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ဥပဒေအရာရှိ ဦးရန်ဆယ်ခင်ဆားရ်က ရွေးကောက်ပွဲနှင့်သက်ဆိုင်သည့်ဥပဒေများအကြောင်း အသိပညာပေးဟောပြောခြင်း၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အတွင်းရေးမှူး ဦးဇေယျာကျော်က မဲပေးပုံမဲပေးနည်း၊ MEVM စက်ဖြင့်မဲပေးနည်း၊ စက်ကိုင်နည်းများကိုရှင်းလင်းပြောကြားပြီး လက်တွေ့သရုပ်ပြမဲပေးခြင်းများ ရှင်းလင်းပြောကြားခဲ့သည်။

ထိုအခမ်းအနားသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစိုးလှိုင်မောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးခင်ဝင်းနှင့် အဖွဲ့ဝင်များ၊ သက်ဆိုင်ရာဌာနဆိုင်ရာများ၊ နည်းပြများက ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲနှင့်ပတ်သက်၍ အများပြည်သူများ သိသင့်သိထိုက်သည့်အချက်များ၊ မဲစာရင်းတွင်ပါဝင်သူ အမျိုးသား၊ အမျိုးသမီးများမှမဲပေးပိုင်ခွင့်ရှိခြင်း၊ အသက်(၁၈)နှစ်ပြည့်ပြီး မဲပေးပိုင်ခွင့်မရှိသူများနှင့် ပတ်သက်သည့်အချက်များ၊ မြန်မာအီလက်ထရောနစ်မဲပေးစက်အသုံးပြုပုံအဆင့်ဆင့်နှင့် မဲဆန္ဒရှင်ပြည်သူများအနေဖြင့် သိသင့်သိထိုက်သောအချက်အလက်များအား အသိပညာပေးဟော ပြောကြပြီး ရွေးကောက်ပွဲတွင်အသုံးပြုမည့် မြန်မာအီလက်ထရောနစ်မဲပေးစက်ကို အမှတ်(၅)ရပ်ကွက်မှ မဲဆန္ဒရှင်ပြည်သူ(၅၀၀)ကျော်က လက်တွေ့စမ်းသပ်မဲပေးခဲ့ကြကြောင်း သိရှိရသည်။

ခင်ဝင်း(ပြန်/ဆက်)