ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်ရဲထွေး ဟိုပုံးမြို့နယ်၌ ဆွမ်းဆန်စိမ်းလောင်းလှူပွဲအခမ်းအနားသို့ တက်ရောက်

ဟိုပုံး စက်တင်ဘာ ၈

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်၌ ဆွမ်းဆန်စိမ်းလောင်းလှူပွဲအခမ်းအနားကို ယမန်နေ့ညနေ (၃)နာရီအချိန်က သီရိမင်္ဂလာရွှေချမ်းသာမွေတော်ဘုရားကြီးမှစတင်၍ ဟိုပုံး-လွိုင်လင် ပြည်ထောင်စုလမ်းမကြီးအတိုင်း လှည့်လည်အပူဇော်ခံခဲ့ကြသည်။ 

အဆိုပါ ဆွမ်းဆန်စိမ်းလောင်းလှူပွဲတွင် ဟိုပုံးမြို့ပေါ်ရှိ ဘုန်းကြီးကျောင်းပေါင်း (၁၃) ကျောင်းမှ ဝါတွင်းကာလ ဥပုသ်သီတင်းဆောက်တည်ကြသော သံဃာတော်အရှင်သူမြတ် (၅၄၁)ပါးတို့အား ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်ရဲထွေးနှင့် အဖွဲ့ဝင်များ၊ တပ်မတော်ကွန်ပျူတာနှင့် နည်းပညာသိပ္ပံကျောင်းကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ် သန့်ထင်စိုး၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဒေသ/မြို့နယ်အဆင့်ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် မိသားစုဝင်များ၊ မြို့ပေါ်ရပ်ကွက်များမှ အလှူရှင်များက လှူဖွယ်ဝတ္ထု၊ ပစ္စည်းအစုစုတို့ကို စုပေါင်း၍ လောင်းလှူပူဇော်ခဲ့ကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)