ကျောက်ဆည် စက်တင်ဘာ ၈
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့၌ ၂၀၂၅ ခုနှစ် အောက်တိုဘာ(၁)ရက်နေ့တွင် ကျရောက်မည့် (၆၁) နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပြည်သူ့အကျိုးပြု စုပေါင်းသန့်ရှင်းလုပ်ငန်းများ ဆောင်ရွက်ခြင်းကို စက်တင်ဘာ ၈ ရက်နေ့ နံနက်(၉)နာရီက ကျောက်ဆည်မြို့ ရွှေစေတီဘုန်းကြီးဘုန်းတော်ကြီးကျောင်းဝန်းအတွင်း ပြုလုပ်ခဲ့ကြောင်း သိရသည်။
စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများပြုလုပ်ရာ၌ မြို့နယ်ရဲတပ်ဖွဲ့ရုံးမှ ရဲမှူးကျော်စိုးမိုးဦးဆောင်မှုဖြင့် မြို့မရဲစခန်းမှ ဒုရဲမှူးဝင်းနိုင်ဦး၊ သတင်းရဲတပ်ဖွဲ့ခွဲမှ ဒုရဲမှူးဌေးမင်းတို့ပူးပေါင်း၍ အရာရှိ(၁၅)ဦး၊ တပ်ဖွဲ့ဝင်(၃၂)ဦးတို့က ရွှေစေတီဘုန်းတော်ကြီးကျောင်း ဥပတိရုပ်ကောင်းမွန်ရေးနှင့် ကျောင်းဝန်းအတွင်း၊ အပြင်များတွင်သန့်ရှင်းသာယာလှပစေရေး ပေါင်းမြက်များ၊ ခြုံနွယ်များ၊ အမှိုက်များ၊ သစ်ရွက်ခြောက်များအား ဖယ်ရှားရှင်းလင်းသန့်ရှင်းခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)