မိုးကောင်း စက်တင်ဘာ ၈
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့နယ် စာတတ်မြောက်ရေးနေ့အခမ်းအနားကို အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း မဉ္ဇူသကခန်းမ၌ စက်တင်ဘာ(၈)ရက်နံနက်(၁၀)နာရီတွင် ကျင်းပသည်။
အခမ်းအနားတွင် မြို့နယ်ပညာရေးမှူးကိုယ်စား အ.ထ.က(၂)ကျောင်းအုပ်ဆရာမကြီး ဒေါ်စန်းစန်းရီက အဖွင့်အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်အိအိဖြိုးက ''စာတတ်မြောက်ခြင်းနှင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်မှု'' ခေါင်းစဉ်ဖြင့် ဟောပြောသည်။
အဆိုပါအခမ်းအနားကို မြို့ပေါ်ကျောင်းအုပ်ဆရာ၊ ဆရာမများ၊ Grade-8 နှင့် Grade-9 သင်ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူ (၂၅၀)ဦးခန့် တက်ရောက်ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်ကျင်းပြသထားသော နံရံကပ်စာစောင်နှင့် စာအုပ်စာစောင်များအား စိတ်ပါဝင်စားစွာကြည့်ရှုကြောင်း သိရသည်။
သန်းလွင်ဦး(ပြန်/ဆက်)