မန္တလေးပညာရေးဒီဂရီကောလိပ် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် အားကစားပြိုင်ပွဲများမှဆုရ ကျောင်းသား၊ ကျောင်းသူများအား ဆုချီးမြှင့်ခြင်းအခမ်းအနားကျင်းပ

ချမ်းအေးသာစံ စက်တင်ဘာ ၈

မန္တလေးပညာရေးဒီဂရီကောလိပ် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် အားကစားပြိုင်ပွဲများမှဆုရ ကျောင်းသား၊ ကျောင်းသူများအား ဆုများချီးမြှင့်ခြင်းအခမ်းအနားကို စက်တင်ဘာ ၇ ရက် ညနေပိုင်းက ချမ်းအေးသာစံမြို့နယ်ရှိ ဗထူးအားကစားခန်းမတွင်ကျင်းပခဲ့သည်။

အခမ်းအနားသို့ မန္တလေးပညာရေးဒီဂရီကောလိပ် ကျောင်းအုပ်ကြီး၊ တက္ကသိုလ်များမှ ပါမောက္ခချုပ်များ၊ ဌာနဆိုင်ရာများမှတိုင်းဦးစီးမှူးများ၊ မန္တလေးပညာရေးဒီဂရီကောလိပ်မှဒုတိယကျောင်းအုပ်ကြီး၊ ပါမောက္ခများနှင့်တာဝန်ရှိသူများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား ကျောင်းသူများ တက်ရောက်ကြ သည်။

အခမ်းအနား၌ မန္တလေးပညာရေးဒီဂရီကောလိပ် ကျောင်းအုပ်ကြီး ဒေါ်ဝင်းသိင်္ဂီကျော်က အဖွင့်အမှာစကားပြောကြားပြီးနောက် ကျောင်းသား၊ ကျောင်းသူများ၏ Fitness Dance ဖျော်ဖြေတင်ဆက်မှု၊ ကျောင်းသားများ ၏ မြန်မာ့ရိုးရာခြင်းအလှခတ်ကစားပြသမှုများကို ကြည့်ရှုအားပေးကြသည်။

၎င်းနောက် ဆုချီးမြှင့်ခြင်းအခမ်းအနားကို ဆက်လက်ကျင်းပရာ တက္ကသိုလ်များမှ ပါမောက္ခချုပ်များ၊ မန္တလေးပညာရေးဒီဂရီကောလိပ် ကျောင်းအုပ်ကြီး၊ ပါမောက္ခများနှင့် တာဝန်ရှိသူများက အားကစား အမျိုးအစားအလိုက် ပထမ၊ ဒုတိယနှင့် တတိယ ဆုရရှိသည့် အသင်းများမှ ကျောင်းသား၊ ကျောင်းသူများ အားဆုများအသီးသီးချီးမြှင့်ခဲ့ကြောင်း သိရသည်။

ထွန်းထွန်းနိုင်