စဉ့်ကိုင်မြို့နယ်အတွင်းရှိ KG ကျောင်းသား၊ ကျောင်းသူများအား ကျောင်းကျန်းမာရေးသီတင်းပတ် လှုပ်ရှားမှုအဖြစ် ဒုတိယအကြိမ် အဟာရကျွေးမွေးခြင်းများ ဆောင်ရွက်

စဉ့်ကိုင် စက်တင်ဘာ ၈

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် စဉ့်ကိုင်မြို့နယ်တွင် ကျောင်းကျန်းမာရေးသီတင်းပတ်လှုပ်ရှားမှုအဖြစ် KG ကျောင်းသား၊ ကျောင်းသူများအား ဒုတိယအကြိမ် အဟာရကျွေးမွေးခြင်းကို စက်တင်ဘာလ ၈ ရက်နေ့ နံနက်ပိုင်းက မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းအသီးသီး၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

KG ကျောင်းသား၊ ကျောင်းသူများအား အဟာရကျွေးမွေးရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါက်တာအေးလွင်၊ မြို့နယ်မိခင်ကလေးကျန်းမာရေးဌာနမှ တာဝန်ရှိသူများက သက်ဆိုင်ရာ ကျောင်းအုပ်ဆရာကြီး/ဆရာမကြီးများနှင့် ဆရာ၊ ဆရာမများ ပူးပေါင်းပြီး KG ကျောင်းသား၊ ကျောင်းသူများအား တစ်ကိုယ်ရေသန့်ရှင်းရေးနှင့် ပတ်သက်သည့် အကြောင်းအရာများအား ရှင်းလင်းပြောကြားခဲ့ပြီး စနစ်တကျ လက်ဆေးနည်းများ၊ သွားခံတွင်း သန့်ရှင်းရေးလုပ်ငန်းများကို လက်တွေ့ဆောင်ရွက်ပေးခဲ့ပြီး ကြက်ဥ၊ ပဲသီးကြော်၊ သီးစုံကုလားပဲ ဟင်း၊ အာဟာရထမင်းများနှင့် ငှက်ပျောသီးကျွေးခြင်းခဲ့ကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ တာဝန်တစ်ဦးထံမှ သိရသည်။

ကျော်စွာ (စဉ့်ကိုင်)(၃၉၉)