ညောင်ဦး စက်တင်ဘာ ၈
မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင်၌ ၂ဝ၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့သည့် ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုဆုချီးမြှင့်ပွဲအခမ်းအနားကို စက်တင်ဘာ ၈ ရက်၊ နံနက် ၁၀ နာရီက ညောင်ဦးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အနော်ရထာခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ အခြေခံပညာအထက်တန်းကျောင်း (ညောင်ဦး) ကျောင်းသား/ ကျောင်းသူများမှ ဘက်စုံပညာရည် တို့လှမ်းချီသီချင်း သီဆို၍ ဂုဏ်ပြုပွဲအခမ်းအနားကို ဖွင့်လှစ်သည်။
ထို့နောက် ညောင်ဦးခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ၊ အဖွဲ့ဝင် (၁) ဒုတိယဗိုလ်မှူးကြီး သော်ထက်က ဂုဏ်ပြုအမှာစကားပြောကြားရာ ၂၀၂၅ ခုနှစ်၊ တကက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်မှုများရရှိအောင် ကြိုးပမ်းစွမ်းဆောင်ခဲ့ကြသည့် ကျောင်းသား၊ ကျောင်းသူများအား အသိအမှတ်ပြုချီးမြှင့်ဂုဏ်ပြုရန် ထူးချွန်ထက်မြက်သူများ ဆုချီးမြှင့်ခံရခြင်းကို လေးစားအားကျအတုယူပြီး မျိုးဆက်သစ်ကျောင်းသား ကျောင်းသူများမှလည်း ပို၍ထူးချွန်သူများ ပေါ်ထွက်လာစေရန်၊ နိုင်ငံတော်အဆင့်တွင် ညောင်ဦးခရိုင်၏ တက္ကသိုလ်ဝင်အောင်ချက်ရာခိုင်နှုန်း ပိုမိုတိုးတက်လာစေရန်နှင့်နိုင်ငံတော်အတွက် အရည်အချင်းပြည့်မီထူးချွန်သော နိုင်ငံသားကောင်းများမွေးထုတ်ပေးရန် စသည့် ရည်ရွယ်ချက်များဖြင့် ကျင်းပပြုလုပ်ခြင်းဖြစ်ကြောင်း ဝမ်းမြောက်ဝမ်းသာ မှတ်တမ်းတင် ဂုဏ်ပြုပါကြောင်း ပြောကြားသည်။
ယင်းနောက် ညောင်ဦးခရိုင်၌ ၂ဝ၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ငါးဘာသာဂုဏ်ထူးရှင် (၁) ဦး၊ လေးဘာသာဂုဏ်ထူးရှင် (၆) ဦး၊ သုံးဘာသာဂုဏိထူးရှင် (၁၀၂) ဦး၊ နှစ်ဘာသာဂုဏ်ထူးရှင် (၇၇) ဦး၊ တစ်ဘာသာဂုဏ်ထူးရှင် (၁၅၆) ဦး၊ ဂုဏ်ထူးရရှိသူ (၃၄၂) ဦးတို့အား ညောင်ဦးခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ၊ အဖွဲ့ဝင် (၁) ဒုတိယဗိုလ်မှူးကြီး သော်ထက်နှင့်ခရိုင်ကော်မတီဝင်များ၊ ညောင်ဦးခရိုင်ပညာရေးမှူး ဦးကျော်ဝင်း၊ ခရိုင်အဆင့်ဌာနဆိုင်ရာများ၊ ညောင်ဦးမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဝင်လှိုင်တင့်နှင့် မြို့နယ်ကော်မတီဝင်များ၊ ကျောက်ပန်းတောင်းမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးသန်းလွင်နှင့်ကော်မတီဝင်များ၊ မြို့နယ်ပညာရေးမှူးတို့က ဂုဏ်ပြုကတ်နှင့်ဆုငွေများ ဂုဏ်ပြုပေးအပ်ချီးမြှင့်ခဲ့ပြီး ဂုဏ်ထူးရကျောင်းသား ကျောင်းသူများနှင့် အမှတ်တရစုပေါင်းဓာတ်ပုံရိုက်ကူးခဲ့ကြောင်း သိရသည်။
ဒီပါလင်း