ကျောက်ဆည် စက်တင်ဘာ ၈
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်၌ ပလတ်စတစ်အိတ်သုံးစွဲမှု လျော့နည်းပပျောက်စေရေးနှင့် အစားထိုးသုံးစွဲမှုများလိုက်နာရေး အသိပညာပေးခြင်းနှင့် လက်ကမ်းစာစောင်ဖြန့်ဝေခြင်းကို ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနနှင့် စည်ပင်သာယာရေးအဖွဲ့တို့ ပူးပေါင်းပြီး စက်တင်ဘာ ၈ ရက်နေ့နံနက် (၇) နာရီက ကျောက်ဆည်မြို့၊ မြို့မဈေးကြီးတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ရာ၌ မြို့နယ်အထွေထွေအုပ်ရေးဦးစီးဌာန၊ ခရိုင်ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ တာဝန်ရှိသူများက ဈေးရောင်းချသူများနှင့် ဈေးဝယ်ပြည်သူများအား ကြွပ်ကြွပ်အိတ်၊ ပလတ်စတစ်အိတ်များအစား၊ ငှက်ပျောဖက်၊ အင်ဖက်၊ သတင်းစာစက္ကူစသည့် သင့်တော်ရာများနှင့်အစားထိုး ထုပ်ပိုးသုံးစွဲသွားကြစေရေး ရှင်းလင်းပြောကြားခဲ့ပြီး ပတ်ဝန်းကျင်သာယာလှပရေး၊ ပလတ်စတစ်အမှိုက်ကင်းစင်ရေး လိုက်နာဆောင်ရွက်သွားကြရန်အတွက် ပလတ်စတစ်၏ဆိုးကျိုးများဖြစ်သည့် မြို့ပြ၏သန့်ရှင်းသာယာလှပမှုကို ထိခိုက်ခြင်း၊ မြေထုကိုညစ်ညမ်းခြင်း၊ ရေထုကိုညစ်ညမ်းခြင်း၊ လေထုကိုညစ်ညမ်းခြင်း၊ ကျန်းမာရေးကို ထိခိုက်ခြင်း အကြောင်းများနှင့် ဖြေရှင်းရန် နည်းလမ်းများ၊ ပလတ်စတစ်အမျိုးအစားများအကြောင်း ပါဝင်သည့် အသိပညာပေးလက်ကမ်းစာစောင်များနှင့် ဈေးဝယ်ရာ၌ ရေရှည်ပြန်လည်အသုံးပြုနိုင်သည့်အိတ်များ ဖြန့်ဝေခဲ့ကြောင်း သိရသည်။
သက်မောင်(ကျောက်ဆည်)