မန္တလေး စက်တင်ဘာ ၈
မန္တလေးတိုင်းဒေသကြီး၊ မန္တလေးခရိုင်၊ လူထုအခြေပြုဗဟိုဌာန၌ စာဖတ်ရှိန်မြှင့်တင်ရေး စာစီစာကုံးပြိုင်ပွဲ၊ ပန်းချီပြိုင်ပွဲ၊ စာဖတ်စွမ်းရည်ပြိုင်ပွဲများကို စက်တင်ဘာ ၈ ရက်နေ့ နံနက် ၁၀နာရီက ကျင်းပခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မန္တလေးခရိုင်၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မြင့်မြင့်သန်းက ကျောင်းသား/ကျောင်းသူများ စာပေဗဟုသုတရရှိစေရန်၊ အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်၊ စာပေများ ဖတ်ရှုလေ့လာခြင်းဖြင့် ဗဟုသုတများစွာရရှိစေရန်၊ စာပေဖတ်ရှုခြင်းဖြင့် ရရှိလာမည့် အကျိုးကျေးဇူးများကို မှာကြားရှင်းလင်းပြောကြားခဲ့ရာ အ.ထ.က (၂၅) ကျောင်းမှ ကျောင်းသား/ကျောင်းသူ (၁၄) ဦးမှ ပါဝင်ယှဉ်ပြိုင်ခဲ့သည်။
ယင်းနောက် မန္တလေးခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးနံရံကပ်စာစောင်များ ပြသခဲ့ပြီး ကလေးအလုပ်သမား အသိပညာပေးလက်ကမ်းစာစောင်များကို လက်ဝယ်အရောက် ဖြန့်ဝေဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ဇင်မင်းမောင်