မိုင်းစံမြို့တွင် ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ်အကြို ပြိုင်ပွဲများကျင်းပ

မိုင်းစံ စက်တင်ဘာ ၈

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးခရိုင်၊ မိုင်းစံမြို့တွင် ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ်အကြို အလယ်တန်းအဆင့်နှင့်အထက်တန်းအဆင့် စာစီစာကုံး၊ ကဗျာပြိုင်ပွဲကို မိုင်းစံမြို့ အခြေခံပညာအထက်တန်းကျောင်း၌ စက်တင်ဘာလ (၅)ရက်နေ့နံနက်ပိုင်းက ဆောင်ရွက်သည်။

အဆိုပါ ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ် ပြိုင်ပွဲများကျင်းပရာ အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲတွင် “ဆရာ့ဂုဏ်ရည်”၊ အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲတွင် “မြတ်ဆရာ”၊ အထက်တန်းအဆင့်ကဗျာပြိုင်ပွဲတွင် “ပညာပြည့်ဝနှလုံးလှ”၊ အလယ်တန်းအဆင့်ကဗျာရွတ်ပြိုင်ပွဲတွင် “ထာဝရအလင်းရှင်”ခေါင်းစဉ်ဖြင့် ကျောင်းသား/ကျောင်းသူ စုစုပေါင်း(၂၆)ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။

အဆိုပါ ပြိုင်ပွဲများမှ ဆုရရှိသော ကျောင်းသား/ကျောင်းသူများအား  သက်ဆိုင်ရာတာဝန်ရှိသူ များက ဆုများအသီးသီးချီမြှင့်ခဲ့ကြသည်။ ဆက်လက်၍ မိုင်းစံမြို့ အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား/ကျောင်းသူများက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသ ထားသော စာအုပ်စာစောင်များ၊ အသိပညာပေးနံရံကပ်စာစောင်များကို စိတ်ပါဝင်စားစွာ လေ့လာ ကြည့်ရှုခဲ့ကြကြောင်း သိရသည်။

 အိဇာချို(ပြန်/ဆက်)