ပြည်ကြီးတံခွန်မြို့နယ်တွင် မဲပေးစက်ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ် မဲပေးခြင်းများ ဆက်လက်ဆောင်ရွက်

ပြည်ကြီးတံခွန် စက်တင်ဘာ ၈

မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၊ (စ)ရပ်ကွက်၊ လောကချမ်းသာဓမ္မာရုံနှင့် သိန္တသုခဓမ္မာရုံ၌ မဲပေးစက်ဆိုင်ရာအသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းအခမ်းအနားကို စက်တင်ဘာ ၈ ရက်နေ့ နံနက် ၉ နာရီမှ ၁၂ နာရီထိ ဆက်လက်ဆောင်ရွက်ခဲ့သည်။

အဆိုပါ အခမ်းအနားတွင် မဟာအောင်မြေခရိုင်၊ ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင် (၁) ဦးသန်းကြွယ်က မဲပေးစက်ဆိုင်ရာ အသိပညာပေးခြင်းနှင့်ပက်သက်၍ အမှာစကား ပြောကြားခဲ့သည်။

ဆက်လက်ပြီး ပြည်ကြီးတံခွန်မြို့နယ်၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအတွင်းရေးမှူး ဦးမင်းစိုးနိုင်က မဲပေးပုံ‌မဲ‌ပေးနည်းများ ရှင်းလင်းပြောကြားခြင်း၊ လွတ်လပ်ပြီးတရားမျှတ‌သော ပါတီစုံဒီမိုကရေစီစနစ်အောင်မြင်ရေးအတွက် မဲပေးစက်ဖွဲ့စည်းတည်ဆောက်ပုံ၊ မဲပေးခြင်းလုပ်ငန်းစဉ်အဆင့်ဆင့်အား ရှင်းလင်းပြောကြားခဲ့ပြီး တစ်ဦးချင်းကိုယ်တိုင် စမ်းသပ် မဲပေးခြင်းများကို လက်တွေ့ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ အခမ်းအနားသို့ ပြည်ကြီးတံခွန်မြို့နယ်၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဝင်ဥက္ကဋ္ဌ ဦးဝင်းထွန်းကျော်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများမှတာဝန်ကျဝန်ထမ်းများ၊ မြို့နယ်ရဲတပ်ဖွဲ့မှ ဒုရဲအုပ်အောင်ထိုက်နှင့်အဖွဲ့ဝင်များ၊ ပြည်သူလုံခြုံရေးအဖွဲ့ဝင် ဦးစိုင်းမင်းစံနှင့် အဖွဲ့ဝင်များ၊ (စ)ရပ်ကွက်ရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ ရပ်ကွက်စာရေး၊ ရာအိမ်မှူး၊ ဆယ်အိမ်မှူးများ၊ (စ) ရပ်ကွက်နေပြည်သူ (၆၀၀) ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။

ဇင်မင်းမောင်