ချမ်းအေးသာစံ စက်တင်ဘာ ၈
မဲပေးစက်ဆိုင်ရာအသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်း အခမ်းအနားကို ချမ်းအေးသာစံမြို့နယ်၊ ကန်ကောက်ရပ်ကွက်၊ ဝါခင်းကုန်းဘုရားဝင်းအတွင်းရှိ မဟာမုဒိဓာတ်ပေါင်းစုံ ဓမ္မာရုံအတွင်း၌ စက်တင်ဘာ ၈ ရက်နေ့ နံနက်ပိုင်းက ကျင်းပခဲ့သည်။
အခမ်းအနားသို မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးကျော်သူ၊ အဖွဲ့ဝင် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးပြည့်ဖြိုးအောင်၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအဖွဲ့ဝင် ဦးနန္ဒ၊ အတွင်းရေးမှူး ဒေါ်စုလဲ့ရည်ထွေးနှင့် ကော်မရှင်အဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးအောင်ကိုမင်းနှင့်ကော်မရှင်အဖွဲ့ခွဲများ၊ ပြည်သူများ တက်ရောက်ခဲ့ကြသည်။
အခမ်းအနားတွင် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအဖွဲ့ဝင် ဦးနန္ဒမှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဒေါ်စုလဲ့ရည်ထွေးမှ မဲပေးစက်ဆိုင်ရာအသိပညာပေးဟောပြောခြင်း၊ မဲပေးစက်၏ လုပ်ဆောင်ချက်များအား ရှင်းလင်းပြောကြားခဲ့ပြီး တက်ရောက်လာသော မဲဆန္ဒရှင်ပြည်သူများမှ လက်တွေ့စမ်းသပ်မဲပေးခြင်း လုပ်ငန်းများပြုလုပ်ခဲ့ပါကြောင်း သိရသည်။
ချမ်းမြေ့မောင်(ချမ်း/စံ)