စဉ့်ကိုင် စက်တင်ဘာ ၈
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်၌ ၂၀၂၅ ခုနှစ်၊ အောက်တိုဘာ ၅ ရက်နေ့တွင် ကျရောက်မည့် ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ်(အကြို)အဖြစ် မြို့နယ်အဆင့် စာစီစာကုံးပြိုင်ပွဲနှင့် ကဗျာရေးပြိုင်ပွဲတို့ကို စက်တင်ဘာ ၈ ရက်နေ့နံနက်ပိုင်းက အ-ထ-က (စဉ့်ကိုင်)ကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
ထို့သို့ စာစီစာကုံးပြိုင်ပွဲနှင့် ကဗျာရွတ်ပြိုင်ပွဲတို့ ကျင်းပရာတွင် မြို့နယ်ပညာရေးမှူး ဒေါ်မြင့်မြင့်ဦးနှင့် ကျောင်းအုပ်ဆရာ/ ကျောင်းအုပ်ဆရာမကြီးများက အနီးကပ်ကြည့်ရှုစောင့်ရှောက်မှုဖြင့် အထက်တန်းအဆင့်စာစီစာကုံးပြိုင်ပွဲတွင် “ဆရာ့ဂုဏ်ရည်” ခေါင်းစဉ်ဖြင့် ကျောင်းသား/ကျောင်းသူ (၅၅) ဦး၊ အလယ်တန်းအဆင့်စာစီစာကုံးပြိုင်ပွဲတွင် “မြတ်ဆရာ” ခေါင်းစဉ်ဖြင့် ကျောင်းသား/ ကျောင်းသူ (၅၀) ဦးတို့က အထက်တန်းအဆင့်ကဗျာရေးပြိုင်ပွဲတွင် “ပညာပြည့်ဝနှလုံးလှ” ခေါင်းစဉ်ဖြင့် ကျောင်းသား/ကျောင်းသူများ (၂၅) ဦးနှင့် အလယ်တန်းအဆင့် ကဗျာရေးပြိုင်ပွဲတွင် “ထာဝရအလင်းရှင်” ခေါင်းစဉ်ဖြင့် ကျောင်းသား/ကျောင်းသူ (၃၀)ဦးတို့က အသီးသီးဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။
ကျော်စွာ(စဉ့်ကိုင်)