(၆၁)နှစ်မြောက်မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စုပေါင်းသွေးလှူဒါန်း

ကျောက်ဆည် စက်တင်ဘာ ၇

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့တွင် ၂၀၂၅ ခုနှစ် အောက်တိုဘာ(၁)ရက်နေ့တွင် ကျရောက်မည့်(၆၁)နှစ်မြောက်မြန်မာနိုင်ငံရဲ တပ်ဖွဲ့နေ့ကိုကြိုဆိုဂုဏ်ပြုသောအားဖြင့် ယနေ့နံနက်(၉)နာရီက ကျောက်ဆည်မြို့အထွေထွေရောဂါကုပြည်သူ့ဆေးရုံကြီးတွင် စုပေါင်းသွေးလှူဒါန်းခဲ့ကြောင်း သိရသည်။

စုပေါင်းသွေးလှူဒါန်းသို့ ကျောက်ဆည်ခရိုင်ရဲတပ်ဖွဲ့မှူး ယာယီဒုတိယရဲမှူးကြီးအေးမြင့်နိုင် အနီးကပ်ကြီးကြပ်မှုဖြင့် ကျောက်ဆည်ခရိုင်ရဲတပ်ဖွဲမှူးရုံးနှင့် မြို့နယ် (၃)မြို့နယ်မှ ရဲတပ်ဖွဲ့ဝင်များစုပေါင်းပြီး အရာရှိ(၃)ဦး၊ အခြားအဆင့်(၁၈)ဦး စာရေးဝန်ထမ်း(၁)ဦးနှင့် အမှတ်(၁၀)သတင်းတပ်ဖွဲ့ခွဲ၊ သတင်းတပ်ဖွဲ့စု(ကျောက်ဆည်)မှ အခြားအဆင့်တပ်ဖွဲ့ဝင်(၁)ဦး စုစုပေါင်း(၂၃)ဦး၊ စုပေါင်းသွေးလှူဒါန်းခဲ့ရာ အထွေထွေရောဂါကုပြည်သူ့ဆေးရုံအုပ်ကြီးဒေါက်တာတင်လှနှင့် ကျန်းမာရေးဌာနမှတာဝန်ရှိသူများကလိုအပ်မှုများဖြည့်စည်းပေးခဲ့ပြီး သွေးလှူရှင်များအားအင်ပြန်လည်ပြည့်ဖြိုးရေး နို့အေး၊ ကြက်ဥ၊ ငှက်ပျောသီး၊ ရိုင်ရယ်ဒီအချိုရည်နှင့် ဓာတ်ဆားများပေးဝေခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)