ထန်းတပင်(ရန်ကုန်) စက်တင်ဘာ ၇
ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်အတွင်းရှိ မဲဆန္ဒရှင်ပြည်သူများအား မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)နှင့်ပတ်သက်၍ သိရှိစေရန်အတွက် အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းလုပ်ငန်းကို ယမန်နေ့က နဲသမိန်ကျေးရွာအုပ်စု၊ စံကင်းကြီးကျေးရွာအုပ်စု၊ ဓာတ်တော်ကုန်းကျေးရွာအုပ်စု၊ ကြမန်းကျေးရွာအုပ်စု၊ ဒိတ်ကုန်းကျေးရွာအုပ်စု၊ ကြိမ်ပိုက်ကျေးရွာအုပ်စုနှင့် ကတွယ်ကျေးရွာအုပ်စုတို့တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းအစီအစဉ်များ ကွင်းဆင်းဆောင်ရွက်ရာတွင်လည်း မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက မဲဆန္ဒရှင်ပြည်သူများအား MEVM စက်ဖြင့် လက်တွေ့စမ်းသပ်မဲပေးခြင်းအစီအစဉ်ကိုရှင်းလင်းပြောကြားခဲ့ကြပြီး မဲဆန္ဒရှင်ပြည်သူများကမြန်မာအီလက်ထရောနစ်မဲပေးစက်ဖြင့် တစ်ဦးချင်း စမ်းသပ်မဲပေးခြင်းကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထန်းတပင်မြို့နယ်အတွင်းရှိ မဲဆန္ဒရှင်ပြည်သူများအား (MEVM)မဲပေးစက်ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းကို စက်တင်ဘာလ(၉)ရက်နေ့အထိ ဆောင်ရွက်သွားမည်ဖြစ်ပြီး ကျန်ရှိနေသည့် ရပ်ကွက်၊ ကျေးရွာအုပ်စုတို့တွင်လည်း ဆက်လက်အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းများကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ဇင်မင်းထိုက်(ပြန်/ဆက်)