တိုက်ကြီး စက်တင်ဘာ ၇
ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်၌ မိုးစပါးစိုက်တောင်သူများ ပန်းတိုင်အထွက်နှုန်းရရှိရေး၊ တောင်သူများဝင်ငွေတိုးပွားပြီး လူမှုစီးပွားဘဝမြင့်မားရေးနှင့် နိုင်ငံတော်၏စားရေရိက္ခာဖူလုံစေရေးရည်ရွယ်၍ တိုက်ကြီးမြို့နယ်အတွင်းရှိ မိုးစပါးစိုက်ပျိုးသည့်တောင်သူများအား သွင်းအားစုဓာတ်မြေဩဇာများကို သက်သာသောဈေးနှုန်းဖြင့် ဖြန့်ဖြူးပေးလျက်ရှိသည်။
ထိုသို့ဆောင်ရွက်ရာတွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏စီမံလမ်းညွှန်မှု၊ ခရိုင်/မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ၏ အနီးကပ်ကြီးကြပ်မှု၊ ခရိုင်/မြို့နယ်စိုက်ပျိုးရေးကြီးကြပ်မှုကော်မတီ၏ပူးပေါင်းပါဝင်ဆောင်ရွက်မှုတို့ဖြင့် တိုက်ကြီးမြို့နယ်အတွင်းရှိ မိုးစပါးစိုက် ဧက ၁၂၇၈၉၃ ဧကအတွက် သွင်းအားစုဓာတ်မြေဩဇာများ လုံလောက်စွာအသုံးပြုနိုင်ရေး ယူရီးယားပုလဲဓာတ်မြေဩဇာ ၂၀၀၄၀ အိတ်၊ ၁၅ ပတ်လည်ကွန်ပေါင်း ဓာတ်မြေဩဇာ ၁၅၆၀၀ အိတ်၊ စုစု ပေါင်း ၃၅၆၄၀ အိတ်အား တိုက်ကြီး၊ ဥက္ကံ၊ တော်လတီ၊ အဖျောက်နေရာ ၄ နေရာခွဲ၍ ဩဂုတ်လ ၂၃ ရက်နေ့မှစ၍ ဖြန်ဖြူးပေးလျက်ရှိရာ ယခုအခါဓာတ်မြေ ဩဇာများအားလုံး ဖြန့်ဖြူးထုတ်ပေးပြီးစီးပြီဖြစ်ကြောင်း သိရသည်။
ဝတ်ရည်(ပြန်/ဆက်)