မင်္ဂလာဒုံမြို့နယ်တွင် စာအုပ်စာစောင်ချစ်မြတ်နိုးသူအသင်း (Book Club)အဖွဲ့ဝင်များ စာဖတ်ဝိုင်းပြုလုပ်

မင်္ဂလာဒုံ စက်တင်ဘာ ၇

ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံခရိုင်၊ မင်္ဂလာဒုံမြို့နယ်တွင် ပြည်သူများစာပေများဖတ်ရှုသည့် အလေ့အကျင့်ကောင်းများရရှိစေရန်၊ စာပေဖတ်ရှုခြင်းမှရရှိသောစာဖတ်ခြင်း၏အကျိုးကျေးဇူးများကို တစ်ဦးနှင့်တစ်ဦးအပြန်အလှန် အမြင်ချင်းဖလှယ်ခွင့်ရရှိစေရန်ရည်ရွယ်၍ စာအုပ်၊ စာစောင်ချစ်မြတ်နိုးသူအသင်း(Book Club)မှအဖွဲ့ဝင်များသည် စာရေးဆရာမြသန်းတင့်၏ ဧကရီဖွားစောစာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယနေ့နံနက် ၁၀ နာရီက လူထုအခြေပြုဗဟိုဌာနတွင် ကျင်းပပြုလုပ်သည်။

အဆိုပါ စာဖတ်ဝိုင်းတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်အေးအေးနွဲ့က စာပေချစ်မြတ်နိုးသူများအချင်းချင်း တစ်ဦးနှင့်တစ်ဦး အပြန်အလှန်ဆွေးနွေးသည့် အလေ့အကျင့်ကောင်းများရရှိစေရန်နှင့် စာပေဖတ်ရှုသည့်အလေ့အထများဖြစ်ထွန်းလာ‌စေရန်အတွက် စာဖတ်ဝိုင်းစီစဉ်ဆောင် ရွက်ရခြင်းဖြစ်ကြောင်းပြောကြားပြီး စာအုပ်၊ စာစောင်ချစ်မြတ်နိုးသူများအသင်းမှဥက္ကဋ္ဌ ဦးကျော်ဝင်း၊ အဖွဲ့ဝင်ဆရာဦးအောင်ချမ်းမိုး၊ ဆရာမဒေါ်စန်းစန်းအေးတို့က အဆိုပါစာအုပ်တွင်ပါဝင်သည့်အကြောင်းအရာများကို အသီးသီးဆွေးနွေးခဲ့ရာ တက်ရောက်လာသူများကလည်း မိမိတို့သိရှိလိုသည်များကိုမေးမြန်းပြီး အပြန် အလှန်ဆွေးနွေးဖလှယ်ခဲ့ကြကြောင်း သိရသည်။

မင်းသိန်းထွန်း(ပြန်/ဆက်)