သန်လျင်မြို့နယ်အတွင်းဆောင်ရွက်မည့် ရွေးကောက်ပွဲမဲရုံများ ကြည့်ရှု

ရန်ကုန် စက်တင်ဘာ ၇

သန်လျင်ခရိုင်၊ သန်လျင်မြို့နယ်အတွင်းရှိ ရပ်ကွက်နှင့်ကျေးရွာအုပ်စုများတွင် ရွေးကောက်ပွဲအတွက် လျာထားစီစဉ်ထားသည့်မဲရုံများအား ယနေ့နံနက်တွင် တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုကြသည်။

ယင်းသို့ကြည့်ရှုရာတွင် သန်လျင်မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌဦးစိုးတင့်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့်အဖွဲ့ဝင်များသည် ရပ်ကွက်နှင့်ကျေးရွာအုပ်စုများအတွင်း ရွေးကောက်ပွဲဆောင်ရွက်မည့်မဲရုံနေရာများအား လိုက်လံကြည့်ရှုကြပြီး လုံခြုံရေးအခြေအနေ၊ မဲရုံတည်နေရာတို့အားကြည့်ရှုကြပြီး မဲဆန္ဒရှင်ပြည်သူများ အဆင်ပြေချောမွေ့စွာ ဆန္ဒမဲပေးနိုင်ရေးအတွက်ဆောင်ရွက်ပေးကြရန် သက် ဆိုင်ရာရပ်ကွက်နှင့်ကျေးရွာအုပ်စု ကော်မရှင်အဖွဲ့ခွဲများ၊ တာဝန်ရှိသူများအား ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။

ဖြိုးသီဟ (သန်လျင်)