ခိုလမ်မြို့၌ မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)ဆိုင်ရာ အသိပညာပေးခြင်း ဆောင်ရွက်

ခိုလမ် စက်တင်ဘာ ၇

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ခိုလမ်မြို့၌ မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းကို ယနေ့မွန်းလွဲပိုင်း ၁ နာရီက အ.ထ.က (ခိုလမ်)ကျောင်းရှိ မြတ်ရတနာခန်းမ၌ ပြုလုပ်ခဲ့ကြောင်းသိရသည်။

ရှေးဦးစွာ မြို့နယ်ရွေးကောက်ပွဲကော်မရှင် ဦးစီးအရာရှိ ဒေါ်နန်းမျိုးမျိုးအောင်က ရွေးကောက်ပွဲတွင် မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)ဖြင့် မဲပေးနိုင်ရေးဆောင်ရွက်ထားရှိမှုအခြေအနေများ၊ မြန်မာအီလက်ထရောနစ်စက်ဖြင့် မဲပေးရခြင်း၏ အကျိုးကျေးဇူးများကို     အသိပညာပေးရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် မြို့နယ်ကော်မရှင်ရုံးမှဝန်ထမ်းများက တက်ရောက်လာကြသော ဌာနဆိုင်ရာအကြီးအကဲများနှင့်ဝန်ထမ်းများ၊ ဒေသခံပြည်သူများကို မြန်မာအီလက်ထရောနစ်စက်(MEVM)ဖြင့် စမ်းသပ်မဲပေးခြင်းကို လက်တွေ့လုပ်ဆောင်ကြကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)