သာကေတ စက်တင်ဘာ ၇
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ သာကေတမြို့နယ်အတွင်း ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲတွင် အသုံးပြုမည့်လျာထားမဲရုံ(၉၇)ရုံနေရာများတွင် လုံခြုံရေးကောင်းမွန်မှုရှိ/မရှိ၊ အလင်းရောင်နှင့် လေဝင်လေထွက်ကောင်းမွန်မှုရှိ/မရှိ မဲဆန္ဒရှင်များသွားလာရ လွယ်ကူမှုရှိ/မရှိအခြေအနေများအား ယမန်နေ့နံနက်(၉:၃၀)အချိန်က အဖွဲ့(၂)ဖွဲ့ခွဲ၍ ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။
ထို့နောက် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌဦးကျော်သူဦးဆောင်၍ အဖွဲ့ဝင်ဦးညွှန်ဝေ၊ အတွင်းရေးမှူးရဲမှူးညွှန့်ဝင်း၊ မြို့နယ်မီးသတ်ဦးစီးမှူးဦးမင်းမင်း၊ မြို့နယ်ပညာရေးမှူးဒေါ်နန်းနုနုကြည်၊ မြို့နယ်လျှပ်စစ်အင်ဂျင်နီယာဦးစိုးဝဏ္ဏထွန်း၊ မြို့နယ်စည်ပင်လက်ထောက်အုပ်ချုပ်ရေးမှူး ဦးမြင့်သန်း၊ မြို့နယ်ကော်မရှင်အဖွဲ့ခွဲ့အဖွဲ့ဝင်ဦးကျော်ဝင်းနှင့် ဦးသန်ဇော်ဦး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူးဒေါ်မို့မို့သူတို့ပါဝင်သောအဖွဲ့ (၁)မှ ရပ်ကွက်(၁၁)ရပ်ကွက်အတွင်းရှိ မဲရုံ(၅၀)ရုံနှင့် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင် ဗိုလ်မှူးသူရိန်ဇော်ဦးဆောင်၍ အဖွဲ့ဝင်ဒေါ်ခင်သင်းသင်းဇော်၊ ဒုမြို့နယ်အုပ်ချုပ်ရေးမှူးဦးသက်နိုင်ဝင်း၊ မြို့နယ်စည်ပင်အုပ်ချုပ်ရေးမှူးဦးအောင်ကျော်လွင်၊ မြို့နယ်လျှပ်စစ်မန်နေဂျာဦးညွှန့်ဝင်း၊ မြို့နယ်ကော် မရှင်အဖွဲ့ခွဲအဖွဲ့ဝင်ဦးစန်းမြင့်ထွန်း၊ အတွင်းရေးမှူးဒေါ်နှင်းယုကျော်၊ နယ်မြေရဲစခန်းမှဒုရဲအုပ်သန့်ဇင်ဦးတို့ပါဝင်သောအဖွဲ့(၂)မှ ရပ်ကွက်(၈)ရပ်ကွက်ရှိ မဲရုံ (၄၇)ရုံတို့အား မြေပြင်ကွင်းဆင်းစစ်ဆေးခဲ့ကြပြီး အလင်းရောင်နှင့် လေဝင်လေထွက်ကောင်းမွန်မှုမရှိသည့် အဆောင်အဦးခိုင်ခန့်မှုအားနည်းသည့်မဲရုံများအား တည်နေရာပြောင်းလဲဆောင်ရွက်နိုင်ရေး မြို့နယ်ကော်မရှင်အဖွဲ့ခွဲ့သို့အချိန်မှီတင်ပြရန်၊ ပတ်ဝန်းကျင်သာယာလှပရေး အထူးဂရုပြုဆောင်ရွက်ကြရန်နှင့် လို အပ်သည်များ လမ်းညွှန်မှာကြားခဲ့ပါကြောင်း သိရှိရသည်။
အိရွှေစင်လတ်(ပြန်/ဆက်)