ပုဇွန်တောင် စက်တင်ဘာ ၇
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ပုဇွန်တောင်မြို့နယ်အတွင်းသို့ အကြမ်းဖက်မှုဖြစ်စဥ်များကြောင့် ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာလာသူများအား ဆန်၊ ဆီ၊ ဆား၊ ပဲ စားသုံးကုန်ပစ္စည်းများ ထောက်ပံ့ပေးအပ်ပွဲအခမ်းအနားကို စက်တင်ဘာလ ၅ ရက်နေ့ နံနက် ၁၁ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။
အဆိုပါအခမ်းအနားတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဇော်မိုးအောင်က အဖွင့်အမှာစကားပြောကြားပြီး ဆန်၊ ဆီ၊ ဆား၊ ပဲ စားသုံးကုန်ပစ္စည်းများ ထောက်ပံ့ပေးရသည့်အကြောင်းရင်းကို ဆွေးနွေးပြောကြားခဲ့သည်။
ဆက်လက်၍ ပုဇွန်တောင်မြို့နယ်အတွင်းသို့ အကြမ်းဖက်မှုဖြစ်စဥ်များကြောင့် ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာလာသူ အိမ်ထောင်စု (၇၅)စု၊ လူဦးရေ(၃၁၈)ဦးတို့အတွက် ဆန်၊ ဆီ၊ ဆား၊ ပဲ စားသုံးကုန်ပစ္စည်းများ(တစ်ပတ်စာ)ကို တာဝန်ရှိသူများက ကာယကံရှင်လက်ဝယ်အရောက် အသီးသီး ထောက်ပံ့ပေးအပ်ခဲ့သည်။
ယင်းအခမ်းအနားသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဇော်မိုးအောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်ထောက်ပံ့ရေးအဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ရခိုင်ပြည်နယ်မှ ယာယီနေရပ် စွန့်ခွာပြည်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ဟန်စုယဉ်