မင်္ဂလာဒုံ စက်တင်ဘာ ၇
ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံခရိုင်၊ မင်္ဂလာဒုံမြို့နယ်၌ ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၂၈ ရက်နေ့တွင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို ပြည်သူလူထု၏ပူးပေါင်းပါဝင်မှုဖြင့် အောင်မြင်စွာဆောင်ရွက်နိုင်ရေးအတွက် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီနှင့် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲတို့ပူးပေါင်း၍ မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM)ဆိုင်ရာအသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းကို ယမန်နေ့က နံနက် ၉ နာရီမှ ညနေ ၃ နာရီထိ သတ်မှတ်စုရပ်နေရာများအသီးသီး၌ ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။
အဆိုပါ သတ်မှတ်စုရပ်နေရာများဖြစ်သော နှစ်ကျိပ်ရှစ်ဆူဆွမ်းလောင်းရုံ၊ လေဆိပ်ဝန်ထမ်းအိမ်ယာဆွမ်းလောင်းရုံ၊အောင်မင်္ဂလာအဝေးပြေးကားဝန်း၊ သာသနာ့ရက္ခိတဓမ္မာရုံတို့၌ အနန်းပင်ရပ်ကွက်မှ ပြည်သူ(၂၁၄၁)ဦး၊ ချစ်တီးကုန်းရပ်ကွက်မှ ပြည်သူ(၁၂၇၂)ဦးတို့အား မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့အတွင်းရေးမှူးတို့က ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲနှင့်ပတ်သက်၍ မဲဆန္ဒရှင်ပြည်သူများအနေဖြင့် မဲပေးကာလတွင်အခက်အခဲမရှိ မဲပေးနိုင်စေရန်ရည်ရွယ်လျက် ယခုလိုကွင်းဆင်းဆောင်ရွက်ပေးရခြင်းဖြစ်ကြောင်းနှင့် (MEVM)မဲပေးစက်ဖြင့် လက်တွေ့အသုံးပြုပုံများကို အသိပညာပေးရှင်းလင်းပြောကြားခဲ့ပြီး ရပ်ကွက်နေပြည်သူများအား လက်တွေ့စမ်းသပ်မဲပေးခြင်းလုပ်ငန်းများကိုဆောင်ရွက်ခဲ့သည်။
အခမ်းအနားသို့ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌဦးကောင်းညွန့်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတဥက္ကဋ္ဌဦးထူး ကျော်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌနှင့်အဖွဲ့ခွဲဝင်များ၊ သက်ဆိုင်ရာတာဝန်ရှိသူများကတက်ရောက်ကြပြီး မဲဆန္ဒရှင်ပြည်သူများနှင့်အ တူ မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)ဖြင့် လက်တွေ့သရုပ်ပြစမ်းသပ်မဲပေးခဲ့ကြကြောင်း သိရသည်။
မင်းသိန်းထွန်း(ပြန်/ဆက်)