ရေလဲကလေးကျေးရွာမိသားစုနှင့် ဓမ္မမိတ်ဆွေများမှ စုပေါင်းဝါဆိုသင်္ကန်းဆက်ကပ်လှုဒါန်းခြင်းနှင့် ငလျင်ဒဏ်ကြောင့်ပျက်စီးသွားသော ဘုရား၊ ပုထိုးများပြုပြင်ရန် အလှူငွေများပေးအပ်

ရန်ကုန် စက်တင်ဘာ ၇

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မရမ်းကုန်းမြို့နယ်ရှိ နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်(ရန်ကုန်)တွင် ရေလဲကလေးကျေးရွာမိသားစုနှင့် ဓမ္မမိတ်ဆွေများမှ စုပေါင်းဝါဆိုသင်္ကန်းဆက်ကပ်လှုဒါန်းခြင်းနှင့် ငလျင်ဒဏ်ကြောင့်ပျက်စီးသွားသော ဘုရား၊ ပုထိုးများပြုပြင်ရန် အလှူငွေများပေးအပ်ခြင်းကို ယမန်နေ့ နံနက် ၁၀ နာရီ အချိန်က အဆိုပါ တက္ကသိုလ်၀င်းရှိ မိုးကုတ်ဆွမ်းစားဆောင်တွင်ပြုလုပ်ခဲ့သည်။

ဦးစွာအခမ်းအနားသို့ နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်(ရန်ကုန်)မော်ကွန်းထိန်း ဆရာတော်ကြီးဘဒ္ဒန္တသုမန အမှူးပြု‌သောဆရာတော်အရှင်သူမြတ်များ၊ ရေလဲကလေးကျေးရွာ မိသားစုနှင့်ဓမ္မမိတ်ဆွေများဖိတ်ကြားထားသော၊ ဧည့်ပရိတ်သတ်များက နမောတဿသုံးကြိမ်ရွတ်ဆိုဘုရားကန်တော့ပြီး  နိုင်ငံတော်ပရိယတ္တိ သာသနာ့တက္ကသိုလ်(ရန်ကုန်)မော်ကွန်းထိန်း ဆရာတော်ကြီးငါးပါးသီလခံယူဆောက်တည်ကြသည်။ ဆက်လက်၍ ဆရာတော်သံဃာတော်အရှင်သူမြတ်များက မေတ္တာသုတ်အစရှိသော ပရိတ်တရားတော်များရွတ်ပွားချီးမြှင့်တော်မူကြပြီး  ငလျင်ဒဏ်ကြောင့်ပျက်စီးသွားသော ဘုရား၊ ပုထိုးများပြုပြင်ရန်အ တွက် ရေလဲကလေးကျေးရွာမိသားစုနှင့် ဓမ္မမိတ်ဆွေများမှလှူဒါန်းသောအလှူငွေကျပ် ဆယ့်ငါးသိန်းအား အကျိုးဆောင်ဦးသန်းအောင်ကလှူဒါန်းခဲ့ရာ ရန် ကုန်တိုင်းဒေသကြီး သာသနာ့ရေးမှူးရုံးမှ ညွှန်ကြားရေးမှူးဦးဇော်ဦးက လက်ခံရယူခဲ့သည်။

ထို့နောက် ရေလဲကလေးကျေးရွာမိသားစုနှင့် ဓမ္မမိတ်ဆွေများ၊ စေတနာရှင်များ၊ ဖိတ်ကြားထားသောဧည့်ပရိတ်သတ်များက ဆရာတော်သံဃာတော် အရှင်သူမြတ်များအား ဝါဆိုသင်္ကန်းနှင့် နဝကမ္မအလှူငွေများဆက်ကပ်လှူဒါန်းခဲ့ကြသည်။ ယင်းနောက် နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်(ရန်ကုန်)မော်ကွန်း ထိန်းဌာန ဆရာတော်ကြီးထံမှ အနုမောဒနာတရားနာယူခဲ့ကြပြီး လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချအမျှပေးဝေခဲ့ကြကာအခမ်းအနားကို ဗုဒ္ဓသာသနံစိရံတိဌတုသုံးကြိမ်ရွတ်ဆို ဆုတောင်းကာအခမ်းအနားကို ရုတ်သိမ်းခဲ့ကြကြောင်းသိရသည်။

အဆိုပါ ရေလဲကလေးကျေးရွာမိသားစုနှင့်ဓမ္မမိတ်ဆွေများမှ နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်(ရန်ကုန်)တွင် သီတင်းသုံးတော်မူကြသော စီမံ၊ စာချ၊ ဆရာတော်၊ သံဃာတော် ၄၄၀ ပါးတို့အား စုပေါင်းကာ နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြကြောင်းသိရသည်။

သက်လွင်စိုး(ပြန်/ဆက်)