ရန်ကုန် စက်တင်ဘာ ၇
အခမ်းအနားတွင် စီးပွားရေးနှင့်ကူးသန်းရအပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှုအခြေခံသင်တန်း အမှတ်စဉ် (၁၂)သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၁၀ နာရီခွဲတွင် ရန်ကုန်မြို့၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာန၊ ပို့ကုန်သွင်းကုန်ရုံး၊ ညီလာခံခန်းမ၌ ကျင်းပခဲ့သည်။ောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းမင်းက ယခုဖွင့်လှစ်ပို့ချမည့် သင်တန်းတွင် ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု၊ နိုင်ငံတကာငွေကြေးပေးချေမှု၊ အကောက်ခွန်၊ ကုန်ပစ္စည်းအရည်အသွေး၊ မူပိုင်ခွင့်နှင့်စားသုံးသူအကာအကွယ်ပေးရေးဆိုင်ရာ လုပ်ငန်းနယ်ပယ်အသီးသီးရှိ ဥပဒေများ၊ လုပ်ထုံးလုပ်နည်းများနှင့် စည်းမျဉ်းစည်းကမ်းသတ်မှတ်ချက်များကို အဓိကထားသင်ကြားပို့ချပေးသွားမည်ဖြစ်သည့်အတွက် အကျိုးရှိမည့် သင်တန်းတစ်ခုဖြစ်ပါကြောင်း၊ သင်ကြားပို့ချမည့်ဘာသာရပ်များအား မိမိတို့ဝန်ကြီးဌာနအပြင် ကုန်သွယ်မှုနှင့်ဆက်နွယ်နေသော အခြားဝန်ကြီးဌာများမှ ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်သူများနှင့် ပြင်ပဘာသာရပ်ကျွမ်းကျင်သူ ပညာရှင်များမှ သင်ကြားပို့ချပေးသွားမည်ဖြစ်ပါကြောင်း၊ သင်တန်းကာလအတွင်း သင်တန်းသား၊
သင်တန်းသူများအား ကုန်သွယ်မှုဆိုင်ရာလုပ်ငန်း၊ ဌာနများ၊ အထူးစီးပွားရေးဇုန်များ၊ စက်မှုဇုန်များသို့ လက်တွေ့လေ့လာရေးခရီးစဉ်များကို စီမံဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း၊ သင်တန်းသားများအနေဖြင့် ပို့ချမှုများအား စိတ်ပါဝင်စားစွာ လေ့လာမှတ်သားကြစေလိုပါကြောင်းနှင့် အပြန်အလှန်ဆွေးနွေးခြင်းဖြင့် မိမိတို့အတွက် အကျိုးကျေးဇူးရရှိအောင် ကြိုးစားသွားကြစေလိုကြောင်း ပြောကြားသည်။
အဆိုပါသင်တန်းအားတစ်နေ့ ၃ နာရီဖြင့် စနေ၊ တနင်္ဂနွေနေ့များတွင် ပို့ချမည်ဖြစ်ပြီး သင်တန်းကာလမှာ ၄ လကြာမြင့်မည်ဖြစ်ကာ စုစုပေါင်း သင်တန်းသားဦးရေ ၁၁၀ ဦးဖြစ်ကြောင်း သိ၇သည်။
အဆိုပါသင်တန်းဖွင့်ပွဲသို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်(UMFCCI)မှ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ၊ သင်တန်းနည်းပြများနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ကြကြောင်း သတင်းရရှိသည်။
အောင်မြင့်(ပြန်/ဆက်)