ရန်ကုန် စက်တင်ဘာ ၆
မြန်မာလက်ရွေးစင် ယူ-၂၃ အမျိုးသားအသင်းနှင့် ဂျပန်လက်ရွေးစင် ယူ-၂၃ အမျိုးသားအသင်းတို့၏ ၂၀၂၆ ယူ-၂၃ အာရှဖလား ခြေစစ်ပွဲစဉ်ကို ယမန်နေ့ ညနေပိုင်းက ရန်ကုန်မြို့ သုဝဏ္ဏဘောလုံးကွင်း၌ ကျင်းပခဲ့သည်။
ထိုသို့ မြန်မာလက်ရွေးစင် ယူ-၂၃ အမျိုးသားအသင်းနှင့် ဂျပန်လက်ရွေးစင် ယူ-၂၃ အမျိုးသားအသင်းတို့၏ ၂၀၂၆ ယူ-၂၃ အာရှဖလားခြေစစ်ပွဲစဉ် ယှဉ်ပြိုင်နေမှုများကို ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ တိုင်းဒေသကြီးဝန်ကြီးများ၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးဇော်ဇော်နှင့် တာဝန်ရှိသူများ၊ ဘောလုံးချစ်ပရိသတ်များက ကြည့်ရှုအားပေးကြရာ ပွဲပြီးဆုံးချိန် မြန်မာလက်ရွေးစင် ယူ-၂၃ အမျိုးသားအသင်းမှ(၁)ဂိုးနှင့် ဂျပန်လက်ရွေးစင် ယူ-၂၃ အမျိုးသား အသင်း မှ(၂)ဂိုးဖြင့် ဂျပန်လက်ရွေးစင် ယူ-၂၃ အမျိုးသားအသင်းက အနိုင်ရရှိခဲ့သည်။
မြန်မာလက်ရွေးစင် ယူ-၂၃ အမျိုးသားအသင်းသည် ၂၀၂၆ ယူ-၂၃ အာရှဖလားခြေစစ်ပွဲစဉ်အုပ်စု(ခ)တွင် ကူဝိတ်၊ ဂျပန်နှင့် အာဖဂန်နစ္စတန်အသင်းတို့ဖြင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်ပြီး (၂)ပွဲ ကစားအပြီး ရမှတ်(၁)မှတ်ရရှိကာ ကျန်ပွဲစဉ်အဖြစ် ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ (၉)ရက်နေ့တွင် အာဖဂန်နစ္စတန်လက်ရွေးစင် ယူ-၂၃ အမျိုးသားအသင်းဖြင့် ယှဉ်ပြိုင်ကစားသွားရမည်ဖြစ်ကြောင်း သိရသည်။
ဇွဲထက်ကို(ပြန်/ဆက်)