သင်္ဃန်းကျွန်း စက်တင်ဘာ ၇
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ် ကျိုက္ကစံဆံတော်ရှင်စေတီ အနောက်ဘက်မုခ် ဓမ္မဗိမာန်တော်တွင် ယမန်နေ့ နံနက် ၉ နာရီခွဲအချိန်က စေတီတော်ဂေါပကအဖွဲ့ကကြီးမှူး၍ တော်သလင်းလပြည့်နေ့ (ဂရုဓမ္မအခါတော်နေ့) မင်္ဂလာအခမ်းအနား ကျင်းပပြုလုပ်ခဲ့သည်။
၁၃၈၇ ခုနှစ်၊ တော်သလင်းလပြည့်နေ့(ဂရုဓမ္မအခါတော်နေ့) သီလပေးတရားပွဲတွင် စွန်းလွန်းဂူဝိပဿနာကျောင်းဆရာတော်ဒေါက်တာ ဘဒ္ဒန္တသောဘဏာလင်္ကာရက ရှစ်ပါးသီလတရားဟောကြားချီးမြှင့်တော်မူပြီး ဆရာတော်၊ သံဃာတော်များက မေတ္တာသုတ်ပရိတ်တရားတော် ရွတ်ဖတ်သရဇ္စျယ်တော်မူကြသည်။
ဂရုဓမ္မအခါတော်နေ့တရားပွဲသို့ ကျိုက္ကစံဆံတော်ရှင်စေတီတော် အလှည့်ကျပေါပကအဖွဲ့ ဥက္ကဠ ဦးခင်မောင်ထွန်းနှင့် ဂေါပကအဖွဲ့ဝင်များ၊ အလှူရှင်များ၊ ဥပုသ်သည် ယောဂီများနှင့် တရားပွဲလာပရိတ်သတ်များက ဆရာတော်၊ သံဃာတော်များအား ဝါဆိုသင်္ကန်း၊ လှူဖွယ်ပစ္စည်းနှင့် နဝကမ္မအလှူတော်ငွေများ ဆက်ကပ်လှူဒါန်းကြသည်။ ထို့နောက် လှူဒါန်းမှုအစုစုတို့အား သာဓုသုံးကြိမ်ခေါ်ဆိုပြီး ဗုဒ္ဓသာသနံစိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆိုကာ တော်သလင်းလပြည့်နေ့ (ဂရုဓမ္မအခါတော်နေ့) တရားပွဲ ပြီးမြောက်ခဲ့ကြောင်း သတင်းရရှိသည်။
ဇော်မိုး (သင်္ဃန်းကျွန်း)