မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM)ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်သရုပ်ပြမဲပေးခြင်းပြုလုပ်

မန္တလေး စက်တင်ဘာ ၆

မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်သရုပ်ပြ မဲပေးခြင်းအခမ်းအနားကို ယနေ့နံနက်ကိုးနာရီခွဲက မန္တလေး၊ အောင်မြေသာစံမြို့နယ်၊ မဟာဇေယျာဘုံရပ်ကွက်၊ အကွက်(၄၉၂)၊၂၃လမ်း၊ ၅၄ A လမ်းရှိ သရပ်ကုန်ရပ်ဓမ္မာရုံ၌ ကျင်းပပြုလုပ်သည်။

အခမ်းအနားသို့ အောင်မြေသာစံခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များဖြစ်ကြသော ဦးသန်းကြွယ်၊ ဒေါက်တာသက်လှစု၊ ဒေါ်မြင့်မြင့်သန်း၊မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးကံဌေး၊ အတွင်းရေးမှူး ဦးဇော်ထက်နှင့် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များ၊ရပ်ကွက်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးသိန်းဇော်၊ အတွင်းရေးမှူး ဦးသန့်ဇင်ဦးနှင့် အဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးရဲထွန်းမင်း၊ ရပ်ကွက်နေပြည်သူများ၊ စုစုပေါင်း ၅၅၀ ဦး ခန့် တက်ရောက်ကြသည်။

အခမ်းအနားတွင် ခရိုင်ကော်မရှင်အဖွဲ့ဝင် ဦးသန်းကြွယ်က အခမ်းအနားပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားပြီး၊ မြို့နယ်ရွေးကောက်ပွဲအရာရှိ ဦးဇော်ထက်က မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)နှင့်ပတ်သက်၍ အသုံးပြုကိုင်တွယ်ပုံတို့အား ရှင်းလင်းပြောကြားကာ တက်ရောက်လာကြသော ရပ်ကွက်နေပြည်သူများက လက်တွေ့စမ်းသပ်မဲပေးခြင်းများဆောင်ရွက်ကြောင်း သတင်းရရှိသည်။

မြင့်မော်ထွန်း(ပြန်/ဆက်)