ဗဟန်း စက်တင်ဘာ ၆
ရန်ကုန်တိုင်းဒေသကြီး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဗဟန်းမြို့နယ်၊ လူထုအခြေပြုဗဟိုဌာနတွင် စက်တင်ဘာ ၆ ရက် နံနက် ၁၀ နာရီက စာရေးဆရာဟိန်းဇေ၏ သမိုင်းထင်ရှားမင်းမြတ်ကိုးပါးစာအုပ်ဖြင့် Book Club စာဖတ်ဝိုင်းပြုလုပ်ရာ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်အေးအေးခိုင်၊ ဗဟန်းမြို့နယ် စာရေးဆရာအသင်းဥက္ကဋ္ဌ ဦးအောင်စိုး (ဟိန်းဇေ)၊ Book Club အဖွဲ့ဝင်များနှင့်စာပေချစ်မြတ်နိုးသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ဦးစွာ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်အေးအေးခိုင်က စာဖတ်ဝိုင်း ပြုလုပ်ရခြင်းရည်ရွယ်ချက်နှင့် အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။
ထို့နောက် ဗဟန်း Book Club ဥက္ကဋ္ဌ စာရေးဆရာဟိန်းဇေက ကိုယ်တိုင် ပြုစုရေးသားခဲ့သည့် ပုဂံမတိုင်မီ မြန်မာအစနှင့် သမိုင်းထင်ရှားမင်းမြတ်ကိုးပါးစာအုပ်ကို အချိန်ယူ ရေးသားပြုစုခဲ့ရခြင်းနှင့် ပက်သက်၍ ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။
ဆက်လက်၍ စာပေချစ်မြတ်နိုးသူ ကိုမောင်သန်းဝင်း၊ တင်ဝင်းလေး (ကြည့်မြင်တိုင်)၊ ဆရာဟန်မင်းဦး၊ ဆရာမမေစန္ဒာ၊ ပေါက်ပေါက်၊ တင့်တယ်ခင်၊ နန်းဝေ(ပျူပုတီး)၊ ထိပ်တင်ဟိန်းနှင့် ရွှေညာခိုင်စိုးတို့က ဖတ်ကြားခဲ့ကြပြီး စာအုပ်ကို ရှုထောင့်အမျိုးမျိုးမှ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ထို့နောက် စာဖတ်ဝိုင်း၌ ဆွေးနွေးခဲ့ကြသည့်အချက်များနှင့်စပ်လျဉ်း၍ စာရေးဆရာဟိန်းဇေက ပြန်လည်သုံးသပ်ဆွေးနွေးခဲ့ကြောင်း သိရသည်။ ထိုစာဖတ်ဝိုင်းသို့ စာပေချစ်မြတ်နိုးသူများ ၃၀ ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။
သင်းသင်းစိုး(ပြန်/ဆက်)