ကျောက်တံတားမြို့နယ်၌ အထွေထွေရွေးကောက်ပွဲတွင် ဆန္ဒမဲပေးနိုင်ရေးအတွက် မဲရုံသတ်မှတ်နေရာများ ကြည့်ရှုစစ်ဆေး

ကျောက်တံတား စက်တင်ဘာ ၆

၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း (၁) ကို ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် စတင်ကျင်းပသွားမည်ဖြစ်ရာ ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားမြို့နယ်ရှိ မဲဆန္ဒရှင် ပြည်သူများ လွယ်ကူစွာ ဆန္ဒမဲပေးနိုင်ရေးအတွက် စက်တင်ဘာ ၆ ရက်နေ့နံနက် ၁၀ နာရီတွင် မြို့နယ်အတွင်း မဲရုံသတ်မှတ်နေရာများအား ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

ထိုသို့ကြည့်ရှုစစ်ဆေးရာတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမိုးထွေးဦးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ အဖွဲ့ဝင်များက မြို့နယ်အတွင်း ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများအားလုံး လွယ်ကူစွာမဲပေးနိုင်ရေးအတွက် ရပ်ကွက်များအလိုက် မဲရုံနေရာချထားမှုများကို ကြည့်ရှုစစ်ဆေးခဲ့ပြီးနောက် သက်ဆိုင်ရာရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ရပ်ကွက်ကော်မရှင်အဖွဲ့ခွဲ၏ တင်ပြချက်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။

ကျောက်တံတားမြို့နယ်တွင် မြို့ပေါ် (၉) ရပ်ကွက်ရှိပြီး ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများအားလုံ လွယ်ကူစွာ ဆန္ဒမဲပေးနိုင်ရေးအတွက် မဲရုံ (၁၉) ရုံသတ်မှတ်ထားကြောင်း မြို့နယ်ရွေးကောက်ပွဲအရာရှိထံမှ သိရသည်။

မြို့နယ်(ပြန်/ဆက်)