မြစ်သားမြို့နယ်တွင် ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ် မြို့နယ်အဆင့် စာစီစာကုံးနှင့် ကဗျာပြိုင်ပွဲများကျင်းပ

မြစ်သာား စက်တင်ဘာ ၆

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ် မြို့နယ်အဆင့် စာစီစာကုံးနှင့်ကဗျာ ပြိုင်ပွဲများကို အခြေခံပညာနှင့် စက်မှုစိုက်ပျိုးမွေးမြူရေးအထက်တန်းကျောင်းတွင် ယနေ့နံနက် (၉) နာရီအချိန်က ကျင်းပခဲ့ရာ အထက်တန်း၊ အလယ်တန်း၊  ကျောင်းသား/ကျောင်းသူများပါဝင်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။

ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ် မြို့နယ်အဆင့်စာစီစာကုံးပြိုင်ပွဲတွင် အထက်တန်းအဆင့် ကျောင်းသား/ကျောင်းသူများသည် “ဆရာ့ဂုဏ်ရည်” ခေါင်း စဉ်ဖြင့်လည်းကောင်း၊အလယ်တန်းအဆင့် ကျောင်းသား/ကျောင်းသူများသည် “မြတ်ဆရာ”ခေါင်းစဉ်ဖြင့်လည်းကောင်း ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ကဗျာပြိုင်ပွဲတွင် အထက်တန်းအဆင့် ကျောင်းသား/ကျောင်း သူများသည် “ပညာပြည့်ဝ နှလုံးလှ” ခေါင်းစဉ်ဖြင့် လည်းကောင်း၊အလယ်တန်းအဆင့် ကျောင်းသား/ ကျောင်းသူများသည် “ထာဝရ အလင်းရှင်” ခေါင်းစဉ်ဖြင့်လည်းကောင်း ပါဝင်ယှဥ်ပြိုင်ခဲ့ကြရာ မြို့နယ်ပညာရေးမှူးရုံးမှ တာဝန်ရှိသူများ၊ အခြေခံပညာနှင့် စက်မှုစိုက်ပျိုးမွေးမြူရေး အထက်တန်းကျောင်းမှ ဆရာ၊ ဆရာမများက အနီးကပ်ကြီးကြပ်ပေးလျက်ရှိကြောင်း သိရသည်။

ဝါဝါမြင့်(ပြန်/ဆက်)