ဇမ္ဗူသီရိမြို့နယ်၌ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်

ဇမ္ဗူသီရိ စက်တင်ဘာ ၆

ဇမ္ဗူသီရိမြို့နယ်၊ မင်္ဂလာသိဒ္ဓိရပ်ကွက်ရှိ အမှတ် (၃) အခြေခံပညာမူလတန်းလွန်ကျောင်း ပတ်ဝန်းကျင်သန့်ရှင်းသာယာလှပစေရေးအတွက် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဇေနော်ဝင်းနှင့် အဖွဲ့ဝင် ဗိုလ်မှူး ပြည့်ဖြိုးအောင်တို့က ဇမ္ဗူသီရိမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့၊ စည်ပင်သာယာရေးအဖွဲ့များ၊ ဆရာ၊ ဆရာမများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့်ရပ်မိရပ်ဖများ၊ ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နှင်းရေးတပ်ဖွဲ့ဝင်များက မြို့နယ်အတွင်း သန့်ရှင်းသာယာလှပရေးအတွက် သစ်ပင်သစ်ကိုင်းများ ခုတ်ထွင် ရှင်းလင်းနေမှု များနှင့်သန့်ရှင်းရေးဆောင်ရွက်နေမှုများကို ကြည့်ရှုအားပေးခဲ့ကြ‌ကြောင်း သိရသည်။

ကြည့်ရှုအားပေးစဉ် တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းတင်ပြကြရာ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ  နှင့် အဖွဲ့ဝင်တို့က မြို့နယ်အတွင်း စိမ်းလန်းစိုပြည်ပြီး သန့်ရှင်းသာယာလှပရေးကို အမြဲမပြတ်ဆောင်ရွက်ရမှာဖြစ်ကြောင်း၊ မြို့နယ်အတွင်း မြို့ဥပဓိရုပ်ကောင်းမွန်စေရေး၊  မြို့သန့်ရှင်းသာယာလှပရေး၊ ရေစီးရေလာကောင်းမွန်စေရေးတို့အတွက် လိုအပ်သည်များကို မှာကြားခဲ့ကြောင်း သိရှိရသည်။

နီလာ(ပြန်/ဆက်)