ညောင်ဦးမြို့နယ်၌ (၆၁)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ ကြိုဆိုဂုဏ်ပြုစုပေါင်းသွေးလှူဒါန်း

ညောင်ဦး စက်တင်ဘာ ၆

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ်တွင် (၆၁)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စုပေါင်းသွေးလှူဒါန်ပွဲကို ယနေ့ နံနက် ၁၀ နာရီက အမှတ်(၆)၊တက်သိမ်းမြောက်ရပ်ကွက်ရှိ ခုတင် ၂၀၀ ဆံ့ ပြည်သူ့ဆေးရုံကြီး မျက်စိဆောင်ခန်းမ၌ စုပေါင်းသွေးလှူဒါန်းသည်။

စုပေါင်း သွေးလှူဒါန်းပွဲတွင် မန္တလေးတိုင်းဒေသကြီး ဒုတိယတိုင်းရဲတပ်ဖွဲ့မှူး ရဲမှူးကြီး မြင့်ကျော်၊ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး အေးမင်းစိုး၊ မီးရထားရဲတပ်ဖွဲ့ခွဲ ဒုတိယရဲမှူးကြီး အောင်ဝင်းတို့က  ခရိုင်ရဲတပ်ဖွဲ့၊ မီးရထားရဲတပ်ဖွဲ့ခွဲ၊  မြို့နယ်ရဲတပ်ဖွဲ့၊ ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်၊ စာရေးဝန်ထမ်းများ သွေးလှူဒါန်းမှုကို ကြည့်ရှုအားပေးပြီး သွေးလှူဒါန်းကြသည့် တပ်ဖွဲ့ဝင်(၂၆)ဦးအား  အာဟာရဖြည့်စားသောက်ဖွယ်ရာများ ချီးမြှင့်ခဲ့ကြောင်းသိရသည်။

ဒီပါလင်း