ပြည်ကြီးတံခွန်မြို့နယ် အ-ထ-က ခွဲ (၅)တွင် ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ် ပြိုင်ပွဲများ ကျင်းပ

ပြည်ကြီးတံခွန် စက်တင်ဘာ၆

မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ် အ.ထ.ကခွဲ(၅)ကျောင်းတွင် ယနေ့နံနက်ပိုင်းက ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ် မြို့နယ်အဆင့် အထက်တန်း၊ အလယ်တန်းအဆင့် စာစီစာကုံးနှင့် ကဗျာပြိုင်ပွဲများ ကျင်းပသည်။

အဆိုပါ ပြိုင်ပွဲများတွင် မြို့နယ်ပညာရေးမှူး ဒေါ်အေးသန္တာနိုင်နှင့် လက်ထောက်မြို့နယ်ပညာရေးမှူး ဦးမျိုးကျော်သူနှင့် ဦးစိုးဝင်းအောင်တို့က အနီးကပ်ကြီးကြပ်ခဲ့ပြီး အ--ထ-က ခွဲ (၅) ကျောင်းအုပ်ဆရာမကြီး ဒေါ်ညွန့်ညွန့်တင်က ကြီးကြပ်ရေးမှူးအဖြစ် ဆောင်ရွက်ခဲ့ရာ ကျောင်းသား/သူ (၆၅) ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။ ယင်းပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိသူများသည် ခရိုင်အဆင့်ပြိုင်ပွဲတွက် ဆက်လက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။

ဇင်မင်းမောင်