လှိုင်သာယာ(အနောက်ပိုင်း) စက်တင်ဘာ ၆
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ် လူမူဝန်ထမ်းဦးစီးဌာနမှ ကျင်းပသာ အမှတ်(၄)လှိုင်သာယာ မူလတန်းကြိုကျောင်း ကျောင်းတွင်း ဉာဏစွမ်းရည်ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၁ နာရီက အမှတ် (၄) လှိုင်သာယာ မူလတန်းကြိုကျောင်း ကျောင်းခန်းမတွင် ကျင်းပခဲ့သည်။
အခမ်းအနားတွင် လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ် လူမှုဝန်ထမ်းဦးစီးဌာနရုံးမှ ဦးစီးအရာရှိ ဦးအောင်လွင်က အဖွင့်အမှာစကားပြောကြားပြီး အမှတ်(၄)လှိုင်သာယာ မူလတန်းကြိုကျောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်ဝင်းမာထွန်းမှ နှုတ်ခွန်းဆက်စကားပြောကြားခဲ့သည်။
ဆက်လက်၍ အမှတ်(၄)လှိုင်သာယာ မူလတန်းကြိုကျောင်း ရင်သွေးငယ်လေးများ၏ အကအလှဖြင့် ကပြ ဖျော်ဖြေတင်ဆက်ပြီး အလယ်အလတ် ရင်သွေးငယ်လေးများ၏ ကဗျာရွတ်ဆိုပြိုင်ပွဲကျင်းပခြင်း၊ အကြီးတန်းရင်သွေးငယ်လေးများ၏ ပုံပြင်ပြောပြိုင်ပွဲ ကျင်းပပေးခဲ့သည်။
ထို့နောက် ပြိုင်ပွဲဝင်ရင်သွေးငယ်လေးများအား တာဝန်ရှိသူများက ပထမ၊ ဒုတိယ၊ တတိယဆုနှင့် အထူးဆုများအပြင် အာဟာရပြည့် အစားအစာများလည်း ကျွေးမွေးခဲ့သည်။
အခမ်းအနားသို့ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ် လူမူဝန်ထမ်းဦးစီးဌာနမှ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသည့် မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ရင်သွေးငယ်လေးများ၏ အုပ်ထိန်းသူမိဘများနှင့် မူလတန်းကြိုကျောင်း ရင်သွေးငယ်လေးများ တက်ရောက်ကြကြောင်း သတင်းရရှိသည်။
မြို့နယ် (ပြန်/ဆက်)