ကျောက်ပန်းတောင်း စက်တင်ဘာ ၆
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်တွင် မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာအသီးသီးရှိ ဆွမ်းလောင်း ဓမ္မာရုံများ၌ ဝါတွင်းကာလ ဆွမ်းလောင်းလှူပွဲများကို ဥပုသ်သီတင်းပတ်တိုင်း စည်ကားသိုက်မြိုက်စွာ လောင်းလှူကုသိုလ် ယူလျက်ရှိကြသည်။
ကျောက်ပန်းတောင်းမြို့ပေါ်တွင် ရပ်ကွက်(၁၂)ရပ်ကွက်ရှိရာ၊ ရပ်ကွက်တိုင်းတွင် ဆွမ်းလောင်းဓမ္မာရုံများ တည်ရှိပြီး ဝါတွင်းကာလ သီတင်းပတ်တိုင်း စာသင်တိုက်များနှင့် ကျောင်းတိုက်အသီးသီးမှ သံဃာတော်များအတွက် ဆွမ်း၊ ဆွမ်းဟင်း လောင်းလှူခြင်းများကို လမ်းအလိုက်သော်လည်းကောင်း၊ အကွက်အလိုက်သော်လည်းကောင်း စုပေါင်းလောင်းလှူခြင်းများကို စည်ကားသိုက်မြိုက်စွာ ဆောင်ရွက်ကြပြီး၊ ဆွမ်းတရားနာယူခြင်းနှင့် ဥပုသ်သီတင်းသီလ ဆောက်တည်ခြင်းများ ဆောင်ရွက်ကြသည်။
အလားတူ ကျေးရွာများတွင်လည်း ကျေးရွာပတ်ဝန်းကျင်ရှိ ဘုန်းတော်ကြီးကျောင်းများမှ သံဃာတော် အရှင်သူမြတ်များအတွက် မိမိတို့ကျေးရွာဆွမ်းလောင်း ဓမ္မာရုံများ၌ ဝါတွင်းကာလ ဥပုသ်သီတင်းပတ်တိုင်း မိမိတို့ တတ်စွမ်းသမျှ ဆွမ်း၊ ဆွမ်းဟင်းများ လောင်းလှူကုသိုလ်ယူခြင်း၊ ဥပုသ်သီတင်းဆောက်တည်ခြင်းများ ဆောင်ရွက်ကြကြောင်း သိရသည်။
နေအောင်(ပြန်/ဆက်)